Showing posts with label Pattern lock. Show all posts
iPhone Pattern & Password ဖြည်နည်း

နည်းလမ်း(၁)
1. ကွန်ပျူတာနဲ့ချိတ်ဆက်ပါ။
2. iFunBox အသုံးပြုပြီး "Raw File System" (File mgr.) ထဲ ဝင်ပါ။
3. /Library/MobileSubstrate/DynamicLibraries ထဲဝင်ပြီး AndroidLock နာမည်နဲ့အစပြုတဲ့ ဖိုင်နှစ်ခုကို Delete လုပ်ပါ။
4. iDevice ကို ပါဝါပိတ်ပြီး ပြန်ဖွင့်ပါ။
5. မြင်နေကျ "Slide to Unlock" ဆိုတဲ့ screen ကို တွေ့ရပါလိမ့်မယ်။Done!
နည်းလမ်း(၂)
ကွန်ပျူတာနဲ့ချိတ်ဆက်ပါ။
iFunbox ကို ဖွင့်ပါ။ ပြီးလျှင် /var/mobile/Library/Preferences ကို သွားပါ။
com.zmaster.AndroidLock.plist ဆိုတဲ့ File Text Editor တစ်ခုခုနဲ့ ဖွင့်ပါ။
<key>Password</key>
<string>123456 </string> ကြားက နံပါတ်များသည် Password ဖြစ်ပါတယ်။
လိုအပ်တာတွေကိုအောက်မှာဒေါင်းလိုက်ပါ။
download>>>itune
download>>>ifunbox
Android Pattem Lock မေ့နေသူတွေအတွက် အလွယ်တကူ ပြန်လည်ရယူနည်း
လူကြိုက်များရေပန်းစားနေတဲ့မိုဘိုင်း Operating System တစ်ခုဖြစ်တဲ့ Andriod အတွက်အသုံးပြုထားတဲ့ Security ပိုင်းမှာ အကောင်းဆုံး
ဖြစ်စေတာကတော့ Pattern Lock ပါပဲ။ လုံခြုံစိတ်ချရတဲ့အပိုင်းမှာကတော့ လက်ဖျားခါရ လောက်အောင် ကောင်းမွန်သလို အလွယ်တကူ အသုံးပြု နိုင်တာကလည်း အားသာချက်တစ်ခုပါ။ ဒါပေမယ့်လည်း အရာတစ်ခုကို အလွယ်တကူမေ့တတ်သူတွေကတော့ Pattern Lock ကို စသုံးတဲ့ အချိန်လောက်မှာ ပြဿနာတက်တာကတော့ မလွဲမသွေပါပဲ။ ဒါ့ကြောင့် အလွယ်တကူပြန်လည်ရယူနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးမှာပါ။
ဒါ့ကြောင့်ပထမဆုံးအနေနဲ့ကတော့ မိမိ Andriod device ကိုသုံးတော့မယ် ဆိုရင်တော့ Google Account ကိုတော့အရင်ဆုံး ထည့်သွင်းပေး ထားမှာပါ။ Google account ကိုအသုံးပြုတဲ့အတွက် Andriod မှာ
ထောက်ပံ့မှုများစွာ ရရှိစေမှာပါ။ ယခုဖော်ပြပေးမယ့် Tutorial လေးက အလွယ်တကူရယူနိုင်ဖို့အတွက်ရည်ရွယ်တာကြောင့် လိုရင်းတိုရှင်း
အနေနဲ့သာ ပြောပြပေးမှာပါ။
Google Account ကို sign in လုပ်ထားပြီးပြီဆိုရင်တော့ မှားနေတဲ့ Pattern ကို ငါးကြိမ်ဆက်တိုက် အသုံးပြုမယ်ဆိုရင် စက်္ကန့် ၃၀ စောင့်ဖို့
ပြောပါလိမ့်မယ်။ ဒီအခါမှာတော့အောက်နားလေးမှာရှိတဲ့ Emergency call Press and hold နဲ့ Forgot pattern? ဆိုတာ လေးကို တွေ့မယ်
ဆိုရင်တော့ မိမိဟာ မေ့နေပြီဖြစ်လို့ Forgot pattern? ကို ရွေးချယ်ပေး
လိုက်ပါ။ အဲ့ဒီနောက်မှာတော့ Email နဲ့ပြန်လည် ရယူနိုင်သလို တခြား နည်းလမ်းဖြစ်တဲ့ Pin code ထည့်သွင်းတဲ့ နည်းလမ်းနှစ်သွယ်ရှိပါတယ်။ Email နဲ့ဝင်မယ်ဆိုရင် WiFi ဒါမှမဟုတ် 3G အင်တာနက် ဖွင့်ထားမှ ရပါလိမ့်မယ်။ Pin code ဆိုရင်တော့ ထည့်သွင်းရေးသားလိုက်တာနဲ့တင် အဆင်ပြေပါပြီ။ ဒါ့ကြောင့် မိမိ Pattern ကိုပြန်လည်ရွေးချယ်ပေးနိုင်မှာ
ဖြစ်ပါတယ်။
samsung တွေ Pattern lock ဖြည်နည်း
ဆမ်ဆောင်းတွေအတွက် Pattern Lock , PW နဲ့ Gmail တွေကို Root and USB Debug on ထားဖို့မလို ဘာဒေတာမှ မပျက်စီးသွားစေပဲ လွယ်လွယ်လေးဖြုတ်နိုင်တဲ့ Tool လေးပါ။ Android version 2+ ကနေ 4+ ထိအလုပ်လုပ်ပါတယ်။
ကွန်ပြူတာမှာ အဲ့ Tool running မလုပ်ဘူးဆိုရင် စက်ထဲမှာရှိတဲ့ Anti virus ကိုပိတ်လိုက်ပါ။ ပြီးမှပြန်ဖွင့်ပေါ့။
Subscribe to:
Posts
(
Atom
)

