Ordered List

Text Widget

Text Widget

Total Pageviews

Navigation-Menus (Do Not Edit Here!)

Unordered List


free website counter html code

Recent Posts

Theme Support

Recent Posts

Pages

Powered by Blogger.

Popular Posts

Blog Archive

Followers

Blog Archive

Popular Posts

အလည် လာသွားသူများ


widgets
Showing posts with label iphone ဆိုင်ရာ. Show all posts

♫i Phone Internet Setting ချိန်နည်း♫

No comments

MPT ၏ ၀န်ဆောင်မှုဖြစ်သော GSM - WCDMA မိုဘိုင်းလိုင်းကဒ်များဖြင့် i Phone တွင် အင်တာနက် သုံးစွဲ မည်ဆိုပါက Internet Setting ထည့်သွင်းပေးရန် မသိသေးသော သူများအတွက် ရည်ရွယ်ပါသည်...


1 . Settings -> General -> Network အောက်ရှိ 
     Cellular  Data နှင့် Enable 3G နှစ်ခုစလုံးကို 
     "ON" ပေးလိုက်ပါ ။



2. Cellular Data Network သို့ သွားပါ ။


3. Cellular Data အောက်ရှိ APN တွင် mptnet
    ရိုက်ထည့်ပေးလိုက်ပါ ။

ပြီးရင်  ဖုန်းကို Reboot   ပြန်လုပ်ပါ ။ (Power ပိတ်ပြီး ပြန်ဖွင့်ပါ )

Internet  ချိတ်မိပြီ ဆိုရင် ဖုန်းလိုင်း အတုံးလေးများ ( Network Signal ) ဘေးမှာ "E"  အမှတ်အသားလေး  ပြနေပါလိမ့်မည် ။ ဒါဆို Cellular Data ကို On / Off လုပ်ပြီး အင်တာနက်အသုံးပြု နိုင်ပြီ ဖြစ်ပါသည်

♫iPhone 6 Plus သုံးစွဲသူများ သိထားသင့်သည့် အချက် (၂၀) ♫

No comments
iPhone 6 Plus သုံးစွဲသူများသည် အရွယ်ကြီးမားသည့် display ကြောင့် အချို့သော iPhone feature များကို အလွယ်တကူ အသုံးပြုနိုင်သည်။ Apple သည် iPhone 6 Plus တွင် feature သစ်များကို ထည့်သွင်းပေးထားသောကြောင့် iPhone ကို ယခုမှ စတင်သုံးစွဲသူများ အနေဖြင့် အဆိုပါ feature များကို သတိမမူမိတာမျိုး ဖြစ်နိုင်သည်။
iPhone 6 Plus တွင် iOS 8 ကို အသုံးပြုထားပြီး ၎င်းတွင်ပါဝင်သည့် အချို့သော feature များကို OS X Yosemite အသုံးပြုထားသော Mac နှင့် iOS 8 အသုံးပြုထားသော iPad တို့မှ အကျိုးရှိရှိ အသုံးချနိုင်သည်။
ထို့ကြောင့် iPhone 6 Plus သုံးစွဲသူများ သိထားသင့်သည့် အချက်များကို ဖော်ပြလိုက်ပါသည်။

(၁) လက်တစ်ဖက်တည်းဖြင့် အသုံးပြုခြင်း
iPhone 6 Plus သည် အရွယ်ကြီးမားသည့် ထုတ်ကုန်တစ်ခု ဖြစ်သောကြောင့် လက်တစ်ဖက်တည်းဖြင့် အသုံးပြုရာတွင် အခက်ကြုံနိုင်သည်။ သို့သော်လည်း ၎င်းတွင် built-in ပါဝင်သည့် tool တစ်ခုက iPhone 6 Plus ကို လက်တစ်ဖက်တည်းဖြင့် အလွယ်တကူ အသုံးပြုစေနိုင်သည်။
Reachability ဟုခေါ်သည့် feature ကို အသုံးပြုလိုသည့်အခါ home ခလုတ်ကို နှစ်ချက်ပုတ်ရုံဖြင့် အသုံးပြုနိုင်သည်။ Home ခလုတ်ကို နှစ်ချက် tap လုပ်လိုက်သည့်အခါ iPhone 6 Plus screen က လက်တစ်ဖက်တည်းဖြင့် အသုံးပြု၍ ရနိုင်သည့် အကွာအဝေးသို့ ကျလာမည် ဖြစ်သည်။

(၂) Slow Motion ဗီဒီယို ရိုက်ကူးခြင်း
iPhone 6 Plus တွင် slow motion ဗီဒီယိုကို 240fps ဖြင့် ရိုက်ကူးနိုင်သည်။ ၎င်းသည် ဗီဒီယိုများကို အလွန်နှေးကွေးသော အမြန်နှုန်းဖြင့် ရိုက်ကူးနိုင်သည်။ ထိုသို့ ရိုက်ကူးရန်အတွက် Camera app ကို ဖွင့်ပြီး slow-motion mode ကို ပြောင်းကာ ညာဘက်အပေါ်ထောင့်တွင် 240fps ကို ပြောင်းထားရန်လိုအပ်သည်။
(၃) Landscape mode ဖြင့် အသုံးပြုခြင်း
iPhone 6 Plus တွင် landscape keyboard သစ်၊ app အတွက် layout သစ်များနှင့် home screen အတွက် landscape အပါအဝင် landscape mode ကို ထောက်ပံ့ပေးထားသည်။ ၎င်းသည် iPhond 6 Plus ကို iPad တစ်လုံးကဲ့သို့ အသုံးပြုနိုင်စေသည်။ iPhone 6 Plus ကို အလျားလိုက် အသုံးပြုသည့်အခါ home screen တွင် app များကို landscape view အနေဖြင့် တွေ့မြင်ရမည် ဖြစ်သည်။ Mail, Notes, Calendar app များတွင် landscape mode ဖြင့် အသုံးပြုသည့်အခါ screen ပေါ်မှ အချက်အလက်ကို iPad ပေါ်တွင် အသုံးပြုသကဲ့သို့ တွေ့မြင်ရမည် ဖြစ်သည်။
(၄) လက်တစ်ဖက်တည်းဖြင့် သုံးနိုင်မည့် Keyboard
အဆိုပါနည်းလမ်းကို အသုံးပြုရန်အတွက် iPhone 6 Plus တွင် third-party keyboard တစ်မျိုးကို ဝယ်ယူအသုံးပြုရန် လိုအပ်သည်။ App Store တွင် $1.99 ဖြင့် ဝယ်ယူနိုင်မည့် One Handed Keyboard သည် iPhone 6 နှင့် iPhone 6 Plus တွင် စာရိုက်ရာ၌ လက်တစ်ဖက်တည်းဖြင့် ရိုက်နိုင်စေမည် ဖြစ်သည်။
(၅) Password များကို Touch ID ဖြင့် ကာကွယ်ခြင်း
Touch ID သည် iPhone 6 Plus ကို unlock ပြုလုပ်နိုင်သလို iTunes မှ ဝယ်ယူမှုများကိုလည်း ပြုလုပ်နိုင်သည်။ ထို့အပြင် Touch ID ကို အချို့သော ကိစ္စရပ်များတွင်လည်း အသုံးပြုနိုင်သည်။ ဥပမာအနေဖြင့် LastPass သို့မဟုတ် 1Password ကဲ့သို့သော app များကို အသုံးပြုသည့်အခါ website များတွင် log in ပြုလုပ်သည့် အချက်အလက်များကို ပိုမိုလုံခြုံမှုရှိစေရန် Touch ID ဖြင့် ကာကွယ်ထားနိုင်သည်။
(၆) iPhone 6 Plus ဘက်ထရီသက်တမ်းကို ပိုမိုကောင်းမွန်စေရန် ပြုလုပ်ခြင်း
iPhone 6 Plus သုံးစွဲသူများသည် ဘက်ထရီကို တစ်ရက်ခန့် အသုံးပြုနိုင်သော်လည်း ပြဿနာ တစ်စုံတစ်ရာကြောင့် ဘက်ထရီ လျင်မြန်စွာ ကုန်ဆုံးခြင်းမျိုး ဖြစ်ပေါ်နိုင်သည်။ ထိုသို့ ဖြစ်ပေါ်သည့်အခါ Settings > General > Usage > Battery Usage သို့သွားပြီး ဘက်ထရီ အသုံးပြုမှု အများဆုံး app များကို ရှာဖွေနိုင်သည်။ အကယ်၍ app တစ်ခုခုက ဘက်ထရီ သုံးစွဲမှု အလွန်များနေပါက ၎င်းကို uninstall သို့မဟုတ် stop ပြုလုပ်နိုင်သည်။ Facebook သည် ဘက်ထရီသက်တမ်းကို အလျင်အမြန် ကုန်ဆုံးလွယ်စေသော်လည်း ၎င်းကို uninstall ပြုလုပ်ခြင်းကို မည်သူမျှ ပြုလုပ်ကြမည် မဟုတ်ပေ။

(၇) ခြေလှမ်းနှင့် ကျန်းမာရေးကို ခြေရာခံခြင်း
iPhone 6 Plus တွင် သုံးစွဲသူ၏ တစ်နေ့တာ ခြေလှမ်းအရေအတွက် စသည့် ကိစ္စရပ်များကို accessory များနှင့် app များ ထပ်မံဝယ်ယူရန် မလိုဘဲ ပြုလုပ်နိုင်သည်။ iPhone 6 Plus home screen ရှိ Health app ကို ဖွင့်ပြီး Health Data, Fitness ကို tap လုပ်ကာ dashboard ပေါ်တွင် ဖော်ပြနိုင်သည့် option ကို ရွေးချယ်နိုင်သည်။
(၈) Vibration Alert များကို ပြောင်းလဲခြင်း
iPhone 6 Plus vibration အသံသည် ၎င်း၏ ringer ထက် အသံပိုကျယ်သည်။ ထို့ကြောင့် အစည်းအဝေးခန်းအတွင်းရှိ silent လုပ်ထားသည့် iPhone 6 Plus တွင် call သို့မဟုတ် text ဝင်ရောက်လာသည့်အခါ အနှောင့်အယှက် ဖြစ်နိုင်သည်။ Settings > Sounds > Tap on Ringtone > Vibration > Create New Vibration တွင် tap လုပ်ကာ save လုပ်ပြီး vibration ကို ဖန်တီးနိုင်သည်။
(၉) iPhone 6 Plus ကို HDTV နှင့် ချိတ်ဆက်ခြင်း
iPhone 6 Plus screen ကို အရွယ်ကြီးမားသည့် screen ပေါ်တွင် ပြသလိုသည့်အခါ iPhone 6 Plus ကို Apple TV နှင့် ချိတ်ဆက်ပြီး ဗီဒီယိုကြည့်ခြင်း၊ ဂိမ်းကစားခြင်းတို့ကို ပြုလုပ်နိုင်သည်။ ထိုသို့ ပြုလုပ်ရန်အတွက် ၉၉ ဒေါ်လာတန် Apple TV လိုအပ်သည်။ ထို့နောက်တွင် Control Center > AirPlay > Apple TV ဖြင့် iPhone 6 Plus screen ကို HDTV ပေါ်တွင် ပြသနိုင်သည်။
(၁၀) iPhone 6 Plus တွင် app များကို အလွယ်တကူ သုံးနိုင်ရန် စီစဉ်ထားရှိခြင်း
iPhone 6 Plus ၏ ညာဘက်အပေါ်ထောင့်ကို လက်တစ်ဖက်တည်းဖြင့် အသုံးပြုရန် အဆင်မပြေသူများအနေဖြင့် Reachability ကို အသုံးပြုနိုင်သော်လည်း ၎င်း feature ကို အသုံးမပြုလိုသူများ အနေဖြင့် လက်လှမ်းမီသည့် နေရာတွင် app များကို စီစဉ်ထားရှိခြင်းဖြင့် ပြုလုပ်နိုင်သည်။ ပုံမှန်အသုံးပြုသည့် app များကို iPhone 6 Plus screen ၏ အလယ် သို့မဟုတ် အောက်ခြေဘက်တွင် ထားခြင်းဖြင့် app များကို လက်တစ်တည်းဖြင့် ဖွင့်နိုင်မည် ဖြစ်သည်။
(၁၁) Mac တွင် Instant Hotspot ဖြင့် အသုံးပြုခြင်း
iOS 8 အသုံးပြုထားသည့် iPhone တွင် Instant Hotspot ကို ဖွင့်ထားသည့်အခါ Mac ဖြင့် iPhone ကို ချိတ်ဆက်ရာတွင် မည်သည့်အရာကိုမှ ဖွင့်စရာမလိုဘဲ WiFi option ရှိ iPhone ကို ရွေးချယ်ရုံဖြင့် Instant Hotspot ကို အသုံးပြုနိုင်သည်။

(၁၂) Mac တွင် iPhone 6 Plus text များ ဖတ်ရှုခြင်း
iPhone 6 Plus နှင့် iOS 8.1 တွင် OS X Yosemite အသုံးပြုထားသည့် Mac မှ text message များ ဖတ်ခြင်း၊ အကြောင်းပြန်ခြင်းတို့ကို ပြုလုပ်နိုင်ရန် ထောက်ပံ့ပေးထားသည်။ Mac ပေါ်ရှိ messages Settings တွင် အဆိုပါ feature ကိုဖွင့်ပြီး သုံးနိုင်သည်။
(၁၃) Mac နှင့် iPad ပေါ်မှ ဖုန်းခေါ်ဆိုမှုများကို ဖြေကြားခြင်း
iPhone 6 Plus ကို Mac သို့မဟုတ် iPad နှင့် ချိတ်ဆက်ကာ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ခြင်း၊ ဖြေကြားခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ ဖုန်းဝင်လာသည့်အခါ iPhone 6 Plus နှင့် မပြောလိုသူများ အနေဖြင့် Mac ပေါ်မှတစ်ဆင့် ဖုန်းခေါ်ဆိုမှုကို ဖြေကြားနိုင်သည်။
(၁၄) Handoff ဖြင့် ထုတ်ကုန်များကို အလျင်အမြန် ပြောင်းလဲအသုံးပြုခြင်း
iPhone 6 Plus, Mac နှင့် iPad ကို အသုံးပြုသူများအတွက် Handoff က အကောင်းဆုံး feature တစ်ခု ဖြစ်သည်။ ၎င်းသည် Apple ထုတ်ကုန်များအကြား အလျင်အမြန် ပြောင်းလဲအသုံးပြုနိုင်သလို လိုအပ်သည့် ဖိုင်များကိုလည်း အလျင်အမြန် ဖွင့်နိုင်သည်။
(၁၅) Apple Pay ဖြင့် ငွေပေးချေခြင်း
iPhone 6 Plus တွင် NFC အတွက် အထောက်အပံ့ပါဝင်သောကြောင့် Apple Pay မှတစ်ဆင့် ငွေပေးချေမှု ပြုလုပ်နိုင်သည်။ အဆိုပါ မိုဘိုင်းငွေပေးချေမှုစနစ်သည် လုံခြုံပြီး credit card များကို အသုံးပြုခြင်းထက် ပိုမိုလွယ်ကူသည်။ သို့ရာတွင် Apple Pay ကို Store တိုင်းနှင့် ဘဏ်တိုင်းက လက်ခံခြင်း မရှိသေးပေ။
(၁၆) iPhone 6 Plus မှ ဓာတ်ပုံအားလုံးကို iCloud တွင် အလိုအလျောက် သိမ်းဆည်းခြင်း
iPhone 6 Plus တွင် ရိုက်ကူးထားသည့် ဓာတ်ပုံများကို iCloud တွင် သိမ်းဆည်းလိုသည့်အခါ iCloud Photo Library ကို ဖွင့်ရုံဖြင့် ပြုလုပ်နိုင်သည်။
(၁၇) iPhone 6 Plus ပေါ်တွင် Desktop Webiste တစ်ခုကို request လုပ်ခြင်း
iPhone 6 Plus display သည် အရွယ်ကြီးမားသောကြောင့် desktop version ဝက်ဘ်ဆိုက်များကို ကြည့်ရှုနိုင်သည်။ iPhone ပေါ်တွင် ဝက်ဘ်ဆိုက်များကို မိုဘိုင်းဗားရှင်းဖြင့်သာ ဖော်ပြသော်လည်း desktop version ကို ရွေးချယ်ပြီး အလွယ်တကူ ပြောင်းလဲ ကြည့်ရှုနိုင်သည်။
(၁၈) iPhone 6 Plus ကို Bluetooth Keyboard ဖြင့် အသုံးပြုခြင်း
iPhone 6 Plus ကို အရွယ်သေးငယ်သည့် ဒေါ်လာ ၃၀ တန် Bluetooth Keyboard ဖြင့် ချိတ်ဆက်ပြီး အသေးစား laptop အနေဖြင့် အကျိုးရှိရှိ အသုံးပြုနိုင်သည်။
(၁၉) AirDrop ဖြင့် ဖိုင်များ ဝေမျှခြင်း
iPhone 6 Plus တွင် Tap အနည်းငယ်လုပ်ရုံဖြင့် ဖိုင် သို့မဟုတ် link တစ်ခုကို iPhone မှ Mac ထံ ဝေမျှနိုင်သည်။ ကွန်ပျူတာမှ ဖိုင်ကို iPhone 6 Plus ထံ ဝေမျှရာတွင်လည်း အလွယ်တကူ ပြုလုပ်နိုင်သည်။

(၂၀) Time Lapse ဗီဒီယို ရိုက်ကူးခြင်း
iPhone 6 Plus နှင့် iOS 8 တွင် Time Lapse option သစ် ပါဝင်လာသည်။ Camera app ကိုဖွင့်ပြီး Time Lapse ကို ရွေးကာ record ကို tap လုပ်ပြီး ကင်မရာကို မြဲမြံစွာ ကိုင်ထားခြင်းဖြင့် Time Lapase ဗီဒီယို ရိုက်ကူးနိုင်သည်၊၊

♫Find iPhone v1.2.3♫

No comments
 Cover art
Find iPhone v1.2.3 လေးပါ ဘာအတွက်သုံးလည်းဆိုတော့ iphone ချစ်သူများ အတွက်ပါ

တကယ်လို iphone ပျောက်သွားခဲရင်
Find iPhone - screenshot thumbnailiphone အကောင့်အရင်ဝင့်လိုက်ပါ ပြီးရင်


Find iPhone - screenshot thumbnailiphone ရဲ တည်နေရာနဲ အမျိုးအစားကို ပြပေးပြီးရွေးပါ
Find iPhone - screenshot thumbnailiphone ရဲ PIN lock ကိုဖြည်းပေးလိုက် ပြီး  Net ကိုနိပ်လိုက်ပါ

  Find iPhone - screenshot thumbnailphone number နဲ message ပိုလိုက်ပါ တာဆိုရင်ဘာဇြစ်မှာလည်းအောက်မှာဖတ်ကြည့်လိုက်ပါ  This Find My iPhone app finally allows you to find the location of your iPhone, iPad, iPod Touch or Mac from an Android device! If you have misplaced your tablet or phone, simply login to this app to locate it; shows the location of your devices on a map. If you've misplaced your device near you, press the 'Play Sound' button to have the device play an audible alert, whether or not on silent mode. If your device has been lost, you can now activate lost mode (on compatible devices) or remotely lock older devices.


Lost mode allows you to remotely lock your device with the pin/password that is already set. If a pin has not been set-up, this app. will prompt you to enter a new one. You can optionally add a phone number and a message to be displayed on the lost device’s lock screen. If your phone is found by someone, they can call you from the device.


The app communicates directly with iCloud servers to find the location of your device.

keywords: find iphone, find ipad, find ipod, find my mac, find idevices, find Apple devices, findappledevices, findmyiphone, icloud, find my phone, find my iphone, find my apple phone
 ဒါပေမဲ့ Play Store မှာထိုင်းဘတ်52.98နဲ့ရောင်းပါတယ်။ဒီမှာတော့အခမဲ့ဒေါင်းယူသွားနိုင်ပါတယ်ဗျာ android 3.0မှာအသုံးပြုနိုင်ပါတယ် ။

https://play.google.com/store/apps/details?id=com.deltagain.findiphone


                   
https://www.firedrive.com/file/D1433CBA15A574E8


♫လူသိနည်းသော iPhone လုပ်ဆောင်ချက် (၂၁) ချက်♫

No comments
လူသိနည်းသော iPhone လုပ်ဆောင်ချက် (၂၁) ချက်
 
iPhone သုံးစွဲသူများသည် သတိမထားမိနိုင်သော မှော်ဆန်သည့် လုပ်ဆောင်ချက်များဖြင့် အသုံးပြုနိုင်သည်။ ထို့ကြောင့် iPhone သုံးစွဲသူများ သတိမထားမိနိုင်သော hidden feature များကို ဖော်ပြလိုက်ပါသည်။
(၁) iPhone ကို လှုပ်ယမ်းပြီး undo လုပ်ခြင်း
စာရိုက်သည့်အခါ သို့မဟုတ် ဓာတ်ပုံတစ်ပုံကို ပြင်ဆင်မှုပြုလုပ်သည့်အခါ အမှားအယွင်း တစ်စုံတစ်ရာ ပြုလုပ်မိပါက ဖုန်းကို အနည်းငယ် လှုပ်ယမ်းပြီး undo ပြုလုပ်နိုင်သည်။
(၂) Airplane mode သို့ပြောင်းပြီး ဘက်ထရီကို လျင်မြန်စွာ အားသွင်းခြင်း
Airplane mode သို့ပြောင်းလဲခြင်းသည် ကြိုးမဲ့စနစ်နှင့် ဆယ်လူလာ အသုံးပြုမှုကို ပိတ်ပေးသောကြောင့် ဖုန်း ဘက်ထရီကို ယခင်ထက် နှစ်ဆပိုမြန်သောနှုန်းဖြင့် အားသွင်းပေးနိုင်သည်။
(၃) Email များကို အသံထွက်ဖတ်ရန် Siri ကို စေခိုင်းခြင်း
“Read my email” ဟု ပြောလိုက်ရုံဖြင့် Siri က message အားလုံးကို ကျယ်လောင်သော အသံဖြင့် ဖတ်ပေးနိုင်သည်။ မကြာသေးမီက ဝင်ရောက်ထားသော email များကို ဖတ်ခိုင်းလိုပါက “Read my latest email” ဟု ပြောကြားကာ စေခိုင်းနိုင်သည်။ ထို့အပြင် Maung Maung ၏ email ကို ဖတ်ရှုလိုပါက “Do I have email from Maung Maung?” ဟု ပြောကြားကာ စေခိုင်းနိုင်သည်။
(၄) ကောင်းကင်တွင် ပျံသန်းနေသည့် လေယာဉ်များကို ရှာဖွေခြင်း
“What flights are above me?” သို့မဟုတ် “Planes overhead” ဟု ပြောလိုက်ရုံဖြင့် Siri က ပျံသန်းနေသည့် လေကြောင်း ခရီးစဉ်များကို ဖော်ပြပေးမည် ဖြစ်သည်။
(၅) စာလုံးအသံထွက် အတွက် Siri ကို သင်ကြားပေးခြင်း
Siri က မှားယွင်းသည့် အသံထွက်ဖြင့် ပြောကြားသည့်အခါ “That’s not how you pronounce [BLANK]” ဟု ပြောကြားပြီး အသံထွက်အမှန်ကို သင်ကြားပေးနိုင်သည်။
(၆) Timer ဖြင့် သီချင်းကို အလိုအလျောက် ပိတ်ခြင်း
ညဘက်တွင် သီချင်းနားထောင်သည့်အခါ သီချင်းကို အလိုအလျောက် ပိတ်ပေးနိုင်ရန်အတွက် Timer ဖြင့် အသုံးပြုနိုင်သည်။ Clock app ရှိ Timer တွင် “When Timer Ends” ၌ “Stop Playing” ကို ရွေးချယ်ပြီး သတ်မှတ်ထားသည့် အချိန်တွင် ဖွင့်ထားသည့် သီချင်းကို ပိတ်ပေးနိုင်သည်။
(၇) ဗီဒီယိုများနှင့် သီချင်းများကို မြန်နှုန်း (၃) မျိုးဖြင့် ကျော်ခြင်း
ဒီနည်းလမ်းက အလွန်ကို အသုံးတည့်သည့် နည်းလမ်းဖြစ်သည်။ သီချင်း နားထောင်ခြင်း သို့မဟုတ် ရုပ်ရှင်ကြည့်ရှုရာတွင် မိမိလိုချင်သည့် နေရာသို့ ရောက်အောင် ကျော်ခြင်းကို Apple က scrub လုပ်သည်ဟု သုံးနှုန်းထားသည်။ Default mode က high-speed scrolling ဖြစ်သည်။ ၎င်းသည် လိုချင်သည့် နေရာကို အတိအကျ ရရှိစေရန် ခက်ခဲနိုင်သည်။ သို့သော်လည်း scroll လုပ်သည့် အမြန်နှုန်းကို ထိန်းချုပ်နိုင်သည်။ Video screen ၏ ထိပ်ဘက်ပိုင်းရှိ slider ကို ဖိထားပြီး အောက်သို့ ဆွဲချခြင်းဖြင့် ချိန်ညှိနိုင်သည်။ Scrubbing speed ကို half-speed, quarter-speed, eighth-speed (fine scrbbing) ဟူ၍ ပြောင်းလဲ ချိန်ညှိနိုင်သည်။
(၈) Volume ခလုတ်များဖြင့် ဓာတ်ပုံရိုက်ခြင်း
တစ်ခါတစ်ရံတွင် capture ခလုတ်ကို နှိပ်ဖို့ အခက်အခဲ ရှိနေချိန် ဓာတ်ပုံရိုက်လိုသည့်အခါ အသံအတိုးအကျယ် ပြုလုပ်နိုင်သည့် volume ခလုတ်များဖြင့် ဓာတ်ပုံရိုက်နိုင်သည်။ နားကြပ်မှ အသံအတိုးအကျယ် ခလုတ်များဖြင့်လည်း ဓာတ်ပုံရိုက်နိုင်သည်။
(၉) ခလုတ်တစ်ချက်နှိပ်ရုံဖြင့် ဓာတ်ပုံအများပြား ရိုက်ကူးခြင်း
ဓာတ်ပုံရိုက်ကူးသည့် captre ခလုတ်ကို ဖိထားခြင်းဖြင့် ဓာတ်ပုံအများအပြားကို အလျင်အမြန် ရိုက်ကူးပေးနိုင်သည်။ ၎င်းသည့် ရွေ့လျားနေသည့် အရာဝတ္ထုတစ်ခုကို ဓာတ်ပုံရိုက်ကူးရာတွင် အလွန်အသုံးတည့်စေသည်။
(၁၀) Text message များတွင် ပေးပို့ချိန်ကို ကြည့်ရှုခြင်း
Text bubble ကို ဘယ်ဘက်သို့ ဆွဲလိုက်သည့်အခါ text message တိုင်း၏ ပေးပို့ချိန်များကို သိရှိနိုင်သည်။
(၁၁) iPhone ကို ရေချိန်တိုင်း ကိရိယာအဖြစ် အသုံးပြုခြင်း
အိမ်နံရံမှာ ဓာတ်ပုံတစ်ပုံကို ချိတ်ဆွဲလိုသည့်အခါ သီးခြား ရေချိန်တိုင်းကိရိယာကို သုံးစရာမလိုပါဘူး။ Compass app ကို ဖွင့်ပြီး ဘယ်ဘက်ကို swipe ကာ ပြီးပြည်စုံသော ရေချိန်တိုင်း ကိရိယာအနေဖြင့် အသုံးပြုနိုင်သည်။
(၁၂) Select လုပ်ထားသည့် စာသားများကို အသံထွက်ဖတ်နိုင်ခြင်း
Settings > General > Accessibility > Speak Selection ကို ON ခြင်းဖြင့် စာသားများကို select လုပ်သည့်အခါ ပေါ်လာသည့် Speak ခလုတ်ကို နှိပ်ပြီး select လုပ်ထားသည့် စာသားများကို အသံထွက်ဖတ်စေနိုင်သည်။
(၁၃) Spacebar ကို နှစ်ချက်နှိပ်ပြီး ဝါကျအသစ်တစ်ကြောင်း စတင်ခြင်း
စာရေးသားရာတွင် ဝါကျအသစ်တစ်ကြောင်းဖြင့် စတင်လိုသည့်အခါ spacebar ကို နှိပ်ချက်နှိပ်ရုံဖြင့် ပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်သည့်အခါ စာကြောင်းအဆုံးတွင် full stop တစ်ခုနှစ် space တစ်ခု အလိုအလျောက် ထည့်သွင်းပေးမည် ဖြစ်သည်။
(၁၄) Calendar app ကို အသေးစိတ် ကြည့်ရှုအသုံးပြုခြင်း
Calendar app ကို အသုံးပြုသည့်အခါ ဖုန်းကို landscape အနေအထားသို့ ပြောင်းလဲပြီး အသေးစိတ် ကြည့်ရှုနိုင်သည်။
(၁၅) ဓာတ်ပုံရိုက်ရာတွင် lock autofocus နှင့် exposure ဖြင့် အသုံးပြုခြင်း
ဓာတ်ပုံတစ်ပုံ ရိုက်ကူးသည့်အခါ iPhone ကင်မရာက focus နှင့် exposure ကို အမြဲချိန်ညှိပေးသည်။ သို့သော်လည်း screen ပေါ်တွင် အဝါရောင် စတုရန်းကို နှစ်ချက် မှိတ်တုတ်မှိတ် ပေါ်သည့်အထိ ဖိထားပြီး focus နှင့် exposure ကို lock ပြုလုပ်ထားနိုင်သည်။ Autofocus နှင့် exposure lock ဖြစ်သည့်အခါ AE/AF Lock ဆိုသည့် အဝါရောင် icon ပေါ်လာမည် ဖြစ်သည်။
(၁၆) Tap တစ်ချက်လုပ်ရုံဖြင့် web suffix များ ထည့်သွင်းခြင်း
Safari တွင် ဝက်ဘ်လိပ်စာတစ်ခု ရိုက်ထည့်သည့်အခါ keyboard အောက်ဘက်ရှိ “.” ကို ဖိထားပြီး ပေါ်လာသည့် web suffix များ (.com, .net, .edu စသည်များ) ကို ရွေးချယ်ထည့်သွင်းနိုင်သည်။
(၁၇) Email draft များကို အလျင်အမြန် အသုံးပြုခြင်း
Mail app တွင် screen ညာဘက် အောက်ထောင့်ရှိ Compose icon ကို ဖိထားပြီး အကြမ်းရေးထားသည့် email များကို အလျင်အမြန် အသုံးပြုနိုင်သည်။
(၁၈) တုန်ခါမှုကို စိတ်ကြိုက်ပြင်ဆင်ခြင်း
Settings > Sounds > Ringtone > Vibration > Create New Vibration လုပ်ပြီး သက်ဆိုင်ရာ contact များအတွက် vibration pattern ကို စိတ်ကြိုက်ပြင်ဆင်နိုင်သည်။ ထိုသို့ vibration သတ်မှတ်ထားသည့်အခါ message သို့မဟုတ် ဖုန်းခေါ်ဆိုမှု ဝင်ရောက်လာသည့်အခါ တုန်ခါမှုအပေါ်မူတည်ပြီး contact ကို ခွဲခြားသိရှိနိုင်သည်။
(၁၉) Keyboard shortcut များ စိတ်ကြိုက်ဖန်တီးခြင်း
Settings > General > Keyboard > Shortcuts > Add New Shortcut ကိုသွားပြီး စကားလုံး တစ်လုံး သို့မဟုတ် စကားရပ်တစ်ခု ဖန်တီးပြီး သက်ဆိုင်ရာ shortcut ကို ဖန်တီးနိုင်သည်။ ထို့နောက် shortcut ကို ရိုက်လိုက်သည့်အခါ သက်ဆိုင်ရာ စကားလုံး သို့မဟုတ် စကားရပ်တစ်ခု ပေါ်လာမည်ဖြစ်သည်။ Emoji အတွက်လည်း shortcut များ ဖန်တီးနိုင်သည်။
(၂၀) Passcode တစ်ခုကို စာလုံးများဖြင့် ဖန်တီးခြင်း
Settings > General > Passcode Lock တွင် Simple Passcode ကို OFF လုပ်ပြီးနောက် passcode ကို စာလုံးများဖြင့် ဖန်တီးနိုင်သည်။ ထို့နောက်တွင် ဖုန်းကို unlock ပြုလုပ်ရာ၌ သတ်မှတ်ထားသည့် passcode စာလုံးများ ထည့်သွင်းရန် keyboard ပေါ်လာမည် ဖြစ်သည်။
(၂၁) သတိပေးချက်များကို LED flash ဖြင့် ဖော်ပြခြင်း
ဖုန်းခေါ်ဆိုမှု သို့မဟုတ် message တစ်စောင် ဝင်ရောက်လာသည့်အခါတွင် ဖုန်းမြည်သံ သို့မဟုတ် တုန်ခါမှုစနစ်ဖြင့် မဟုတ်ဘဲ LED flash ဖြင့် ဖော်ပြနိုင်သည်။ Settings > General > Accessibility တွင် “LED Flash for Alerts” ကို ON ပြီး အသုံးပြုနိုင်သည်။

Apple ID Activate ပြသာနာ ဖြေရှင်းနည်း

No comments


သင့်ရဲ့ လက်ထဲမှာမူလပိုင်ရှင်ရဲ့ Apple ID ကို မသိလို့ Activate လုပ်မရတဲ့ iPhone တစ်လုံးရှိနေပါသလား..?

မိမိရဲ့ Apple ID ကို ကိုယ်တိုင်မေ့သွားလို့ Activate လုပ်မရတော့ဘူးလား..?
တန်ဖိုးကြီးကြီးပေးထားရတဲ့ Apple iDevice ကို အရုပ်တစ်ရုပ်လို မှန်ဗီရိုထဲမှာပဲ အပြီးအပိုင် အလှ ပြထားရတော့မှာလား...?


စသော စသော Activation ပြဿနာတွေကြောင့် အိပ်ပျော်နေတဲ့ iDevice လေးတွေကို နှိုးလိုက်ကြရအောင်....

အမည်မဖော်ပြလိုတဲ့ Hacker တစ်ယောက်ရဲ့ ရိုက်ချက်က Apple ကို ဆတ်ဆတ်ခါအောင် အသဲခိုက်သွားစေပါတယ်။

iDevice တွေရဲ့ လုံခြုံရေးကို ခေါင်းစဉ်တင်ပြီး iOS 7 က စတင်၍ iCloud ကို အသုံးပြုပြီး Apple ID နဲ့ ထိန်းချုပ်ထားခဲ့တဲ့ Activation system ကို ကျော်ဖြတ်နိုင်တဲ့ exploit (ဆေးထိုး) ခံလိုက်ရပါတယ်။

Apple က ဒါကို သိလိုက်တဲ့ အချိန်မှာ နောက်ကျသွားခဲ့ပါပြီ၊ အဆိုပါ Hacker ကို ဆက်သွယ် ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် သူကတော့ သူ့လမ်းပဲ သူဆက်လျှောက်မယ့် သဘော ဖြစ်ပါတယ်။

iDevice ကို USB ကြိုးနဲ့သွယ်ပြီး PC နဲ့ ချိပ်ဆက်လိုက်တာနဲ့ Activation ကို ကျော်ဖို့ iDevice ကို လှည့်ဖြားလိုက်တဲ့ သူ့ရဲ့ နည်းပညာက ကြီးကြီးမားမား software တွေ သုံးရတာမျိုး မဟုတ်ပါဘူး။

"စာကြောင်းလေး တစ်ကြောင်း" ကို မိမိ PC ရဲ့ 'host' file မှာ သွင်းပေးလိုက်ရုံနဲ့တင် Activation ကျော်သွားအောင် လုပ်ထားတဲ့ နည်းပညာက user တွေအတွက် အခက်အခဲ မရှိအောင် ရိုးရှင်းပါတယ်။

iDevice များ အားလုံးအတွက် လုပ်ပေးနိုင်ပေမယ့် GSM iPad's, iPhone 4S, iPhone 5 (c) (s) တို့ကတော့ Beta Testing အဆင့်မှာပဲ ရှိနေပါသေးတယ်။

>> လုပ်ငန်းစဉ် <<

လိုအပ်ချက် - iDevice နှင့် PC နှစ်ခုလုံးတွင် connection Online ဖြစ်ရပါမည်။

၁) iDevice ကို WiFi နှင့်ချိပ်ဆက်ပြီး Activation နေရာထိ သွားပါ။

၂) PC ၏ Web Browser မှနေ၍ DoulCi.net ကိုသွားပါ။

၃) " ***.***.*.**.albert.apple.com " ပါသော IP address စာသားကို Copy ယူပါ။

၎) လမ်းကြောင်းရှိ 'host' file တွင် Paste လုပ်ပြီး save လုပ်ပါ။
C:\Windows\System32\drivers\etc\hosts (Windows)
/private/etc/hosts (Mac)

၅) iDevice ကို Unplug လုပ်ပါ။ ပြီးမှ PC နှင့် ပြန်ချိပ်ပါ။

၆) iTunes မှ pop-up message တက်လာပါက 'Continue' ကို နှိပ်ပါ။

Activation အဆင့်ကို ကျော်သွားနိုင်ပါပြီ...

မှတ်ချက်။ ။

အဆင့် (၃) အတွက် ရှာမတွေ့ပါက ( 197.153.9.35.albert.apple.com ), (188.226.251.76 albert.apple.com) တို့ကို အသုံးပြုနိုင်ပါတယ် (မသေချာပါ)...

DoulCi Server address က အမြဲပြောင်းလဲလျှက်ရှိပါတယ်၊ ဒါကြောင့် IP address မတွေ့သူများ နာရီဝက်ခြား တစ်ခါလောက် အမြဲစစ်ဆေးနေသင့်ပါတယ်။ (သို့မဟုတ်) DoulCi Team အဖွဲ့ဝင်များဖြစ်ကြသော @MerrukTechnolog, @AquaXetine တို့ရဲ့ Twitter တွင် သွားရောက် ဆက်သွယ်နိုင်ပါတယ်။

iPhone Pattern & Password ဖြည်နည်း

No comments


နည်းလမ်း(၁)

1. ကွန်ပျူတာနဲ့ချိတ်ဆက်ပါ။

2. iFunBox အသုံးပြုပြီး "Raw File System" (File mgr.) ထဲ ဝင်ပါ။

3. /Library/MobileSubstrate/DynamicLibraries ထဲဝင်ပြီး AndroidLock နာမည်နဲ့အစပြုတဲ့ ဖိုင်နှစ်ခုကို Delete လုပ်ပါ။

4. iDevice ကို ပါဝါပိတ်ပြီး ပြန်ဖွင့်ပါ။

5. မြင်နေကျ "Slide to Unlock" ဆိုတဲ့ screen ကို တွေ့ရပါလိမ့်မယ်။Done!

နည်းလမ်း(၂)

ကွန်ပျူတာနဲ့ချိတ်ဆက်ပါ။

iFunbox ကို ဖွင့်ပါ။ ပြီးလျှင် /var/mobile/Library/Preferences ကို သွားပါ။

com.zmaster.AndroidLock.plist ဆိုတဲ့ File Text Editor တစ်ခုခုနဲ့ ဖွင့်ပါ။

<key>Password</key>

<string>123456 </string> ကြားက နံပါတ်များသည် Password ဖြစ်ပါတယ်။

လိုအပ်တာတွေကိုအောက်မှာဒေါင်းလိုက်ပါ။
  


download>>>itune 
download>>>ifunbox

Pangu ဖြင့် iOS 7.1-7.1.2 ကို jailbreak ပြုလုပ်ခြင်း

No comments
တရုတ် jailbreaker တွေက ဖြန့်ချိပေးလိုက်သည့် Pangu သည် လုံခြုံရေးကျွမ်းကျင် ပညာရှင်များအကြား အငြင်းပွားစရာ ဖြစ်ခဲ့သော်လည်း အချို့သော လုံခြုံရေးကျွမ်းကျင် ပညာရှင်များက Pangu jailbreak တွင် malware မပါဝင်ကြောင်း အတည်ပြုခဲ့သည်။ ထို့ကြောင့် iOS 7.1 မှ 7.1.2 အထိ အသုံးပြုထားသော iOS ထုတ်ကုန်များကို jailbreak ပြုလုပ်ရန် စိတ်ဝင်စားသူများအတွက် Pangu tool ဖြင့် jailbreak ပြုလုပ်နည်းကို ဖော်ပြလိုက်ပါသည်။

Pangu ဖြင့် jailbreak လုပ်နိုင်သည့် iOS ထုတ်ကုန်များ

Pangu ဖြင့် jailbreak လုပ်နိုင်သည့် iOS 7.1 မှ iOS 7.1.2 အထိ အသုံးပြုထားသော ထုတ်ကုန်များမှာ အောက်ပါအတိုင်းဖြစ်သည်။

iPhone 5s
iPhone 5c
iPhone 5
iPhone 4s
iPhone 4
iPad Air
Retina iPad mini
iPad mini
iPad 2,3,4
iPod touch 5

iOS 7.1.2 ကို upgrade ပြုလုပ်ပြီး jailbreak ပြုလုပ်လိုသူများ အနေဖြင့် အောက်ဖော်ပြပါ link များမှ iOS 7.1.2 ကို download ပြုလုပ်နိုင်သည်။


iOS ထုတ်ကုန်ကို Backup ပြုလုပ်ခြင်း

Jailbreak ပြုလုပ်ရာတွင် error များနှင့် ကြုံတွေ့နိုင်သောကြောင့် ထုတ်ကုန်ရှိ အချက်အလက်များ ဆုံးရှုံးမှု မဖြစ်စေရန်အတွက် backup ပြုလုပ်ထားသင့်သည်။

iTunes ကိုဖွင့်ပြီး backup ပြုလုပ်လိုသည့် ထုတ်ကုန်ကို PC/Mac တွင် ချိတ်ဆက်ကာ iTunes ရှိ Back UP Now ကိုနှိပ်ခြင်းဖြင့် ပြုလုပ်နိုင်သည်။



Mac/Windows ပေါ်တွင် Pangu ဖြင့် iOS 7.1-7.1.2 Untethered jailbreak ပြုလုပ်ခြင်း

ဒီနည်းလမ်းကို Windows ရော Mac တွင်ပါ ပြုလုပ်နိုင်သည်။ Jailbreak ပြုလုပ်မည့် ထုတ်ကုန်သည် iOS 7.1 မှ 7.1.2 အထိ အသုံးပြုထားသော ထုတ်ကုန်ဖြစ်ရန် လိုအပ်သည်။ ထို့နောက် အောက်ဖော်ပြပါ လမ်းညွှန်ချက်များအတိုင်း ပြုလုပ်နိုင်သည်။

(၁) Pangu jailbreak tool ကို Windows သို့မဟုတ် Mac အတွက် download လုပ်ပါ။ 

(၂) Download ပြုလုပ်ပြီးလျှင် iOS ထုတ်ကုန်ကို ချိတ်ဆက်ပြီး Pangu tool ကိုဖွင့်ပါ။ Pangu jailbreak tool တွင် ထုတ်ကုန်၌ အသုံးပြထားသည့် iOS version ပေါ်လာလိမ့်မည်။



(၃) Jailbreak ခလုတ်ကိုနှိပ်ပါ။ ထို့နောက် ထုတ်ကုန်တွင် ရက်စွဲကို ၂၀၁၄ ခုနှစ် ဇွန်လ ၂ ရက်သို့ ပြောင်းလဲခိုင်းလိမ့်မည်။ iOS ထုတ်ကုန်တွင် Settings > General > Date and Time သို့သွားပြီး Set Automatically ကို ပိတ်ပါ။ ပြီးလျှင် ရက်စွဲကို ၂ ရက် ဇွန်လ ၂၀၁၄ သို့ ပြောင်းပါ။



(၄) ထို့နောက်တွင် Google ဆာဗာက ခွင့်ပြုချက်ကို အကြိမ်ကြိမ်တောင်းခံလိမ့်မည်။ Continue ကို နှိပ်ပြီး လုပ်ငန်းစဉ်ကို ရှေ့ဆက်ပါ။

(၅) iOS ထုတ်ကုန် reboot ဖြစ်သွားသည့်အခါ home screen တွင် Pangu app ကို တွေ့ရပါမည်။ ၎င်းကို ဖိထားပါ။ ထို့နောက် Continue ကိုနှိပ်ပါ။



(၆) ခဏအကြာတွင် jailbreak လုပ်ငန်းစဉ် ပြီးဆုံးပါပြီ။ iOS ထုတ်ကုန်ကလည်း reboot ထပ်ဖြစ်သွားပါလိမ့်မယ်။ Jailbreak အဖွဲ့ရဲ့ Welcome message တွေပြီးရင် Cydia icon ကို တွေ့ရပါပြီ။



Ref: MakeTechEasier

i phone ကိုင်သူ များ အတွက် ရေ၀င် လျှင် ဓာတ်ခဲ ဖြုတ်နည်း

No comments


I phone ကိုင် တဲ့ သူ တွေ အတွက် တင်ပေးလိုက် ပါတယ် ။တစ်ခု တော့ ရှိ တယ် လို အပ် တဲ့ ပစ္စည်း တွေ ကအပြင် လူ တွေ ဆီ မှာ အလွယ် တကူ မရှိ နိုင် ပါဘူး ။
အဲ့ အစား အဆင် ပြေ တာ နဲ့ သုံးကြပါ ။ဘတ်ထရီ ဖြုတ် ပြီး ဆိုင်တွေ ဖွင့် မှ service ကျွမ်း ကျင် သည့် ဆိုင်မှာ စက်ဖြင့် ပေါင်း လိုက်ပါ
အသိတွေ ကို မေး ပြီး ဈေး မှန် ပြီး ကျွမ်း တဲ့ ဆိုင် မှာ ပြုပြင်လိုက်ပါ ။ 

မှတ်ချက် - သတိထား လုပ် ကြပါ တစ်ချက် မှား တာ နဲ့ LCD တို့ Touch တို့ ကြိုး ပြား ပျက် သွား နိုင် ပါတယ် ။

iPhone 3G,3Gs,4G,4Gs,5 အတွက် Battery ဖြုတ်နည်း များ

iPhone 3G,3Gs ကို Battery  ဖြုတ် နည်း  

i phone 3G,3Gs ကိုတော့ ကိုယ် တိုင် မဖြုတ်စေ ချင်ဘူး အရမ်း လက်ဝင် ပါတယ် ။

နက် အရင်ဖြုတ်ပါ

Image #1

မှန်ကပ် တဲ့ စုပ် ခွက် တွေ စတိုးဆိုင် မှာ ၀ယ်လို့ ရပါတယ် ။မှန်ကပ် နဲ့ အောက်ခြေ ခလုပ်နာကိုကပ်ပြီး မပါ ။အပေါ် က ကြိုးပြား တွေ ရှိပါတယ် ။အပေါ် နားကို လက်နဲ့ သေချာ ထိန်းကိုင်ပါ ။

Image #1












Image #1


ာကနာ ဖြင့် အသာလေကြိုး တွေ ကို ဖြုတ် လိုက်ပါ ။
Image #1


Image #1


ပြထားတဲ့ နေရာ လေး ကို အသာလေး လှန် ပြီး အသာ လေး ကြိုး လေးကို ဆွဲ လိုက်ပါ .

Image #1



Image #1

Image #1



Image #1



Image #1


Image #1


ပြထား တဲ့ နက်တွေ အကုန်ဖြုတ်
Image #1


Image #1


Image #1


Image #1


Image #1

 

iPhone 4G,4Gs ကို Battery  ဖြုတ် နည်း  

i phone 4G,4Gs က တော့ လွယ် ပါတယ် ။

နက် အရင်ဖြုတ်ပါ


Image #1

ပေါ် ကို တွန်း လိုက်ပါ ။
Image #1



Image #1



Image #1



Image #1



Image #1


iPhone 5 ကို Battery  ဖြုတ် နည်း  


Image #1



Image #1


နက်အရင် ဖြုတ်ပါ
Image #1


ခလုပ် နားကို မှန်ကပ် တဲစုပ် ခွက် ဖြင့် ကပ်ပြီး လက်ဖြင့် ထိန်းပြီး အသာ လေးမလိုက်ပါ
Image #1


အာက်ခြေက လက်ဖြင့် အသာလေး ထိန်းပြီး လှန် ပါ


Image #1

ပြီးလျှင် အသာလေး ကိုင်ထားပြီး နက်ဖြုတ်ပါ ။

 Image #1

 က်ဖြုတ် ပြီး လျှင် အပေါ် က အဖုံး လေး ဖယ်လိုက်ပါ ။

 Image #1

 ပြီးလျှင် ကြိုးပြား ခေါင်း ကိုအသာလေး လှန်ဖြုတ် ပါ ။

 Image #1

 

 Image #1

 

 


Image #1


နက်ဖြုတ်ပါ ။


Image #1



Image #1


Image #1


Image #1



Image #1