Ordered List

Text Widget

Text Widget

Total Pageviews

Navigation-Menus (Do Not Edit Here!)

Unordered List

free website counter html code

Recent Posts

Theme Support

Recent Posts

Pages

Powered by Blogger.

Popular Posts

Blog Archive

Followers

Blog Archive

Popular Posts

အလည် လာသွားသူများ

widgets
Showing posts with label facebook. Show all posts

♫Facebook Messenger (September 3, 2014)♫

No comments

 Cover artFacebook Messenger - screenshot thumbnail
Facebook ရဲ့ မျိုးဆက်ဖြစ်တဲ့ facebook messenger လေးကို အသစ်လေးမို့လို့ တင်ပေးလိုက်ရတာပါ။ အားလုံးလည်း သုံးဖူးကြမှာပါ။ ကိုယ့်သူငယ်ချင်းတွေကို facebook ကနေ chat ချင်ရင် chat box ထဲဝင်ပြီးတော့ chat နေစရာမလိုတော့ပဲ ဒီ messenger လေးနဲ့ပဲ chat လို့အဆင်ပြေအောင် facebook က စီစဉ်ပေးထားတာဖြစ်ပါတယ်။ ဒီကောင်လေးကိုအသုံးပြုပြီး အဆင်ပြေပြေ chat နိုင် ပြီးဖုန်း free call ပါရတယ် ။ android အာလုံးမှာ အဆင်ပြေပါပြီဗျာ။

http://www.tusfiles.net/ym1tyas30cdk

Facebook Log Out လုပ်ဖို့ မေ့ခဲ့ရင်

No comments
Facebook Log Out လုပ်ဖို့ မေ့ခဲ့ရင်
======================

အင်တာနက်ဆိုင်တွေ ဒါမှမဟုတ် တခြားကွန်ပျူ တာတွေမှာ ကိုယ့် Facebook အကောင့်ထဲကိုဝင်ပြီး ပြန်ထွက်ဖို့ မေ့နေတာမျိုး ဖြစ်တတ်ကြမှာပါ။

အကောင့်ပါသွားရတဲ့ အကြောင်းရင်းတွေထဲမှာ ဒီတစ်ချက်ကလည်း အဖြစ်များတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ဒီလိုမျိုး ပြန်ထွက်ဖို့ မေ့ခဲ့မှန်းသိပြီဆိုရင်တော့ သင့်အနေနဲ့ စိုးရိမ်စရာ မလိုတော့ပါဘူး။

အခုဖော်ပြပေးမယ့် လုပ်ဆောင်ပုံ အဆင့်ဆင့်အတိုင်း လုပ်ဆောင်လိုက်ရင် ကိုယ့်ကွန်ပျူ တာကနေပဲ အလွယ်တကူ ပြန်ထွက်နိုင်မှာဖြစ်ပါတယ်။

ပထမဆုံး သင့်အကောင့်ထဲကို Log In ဝင်လိုက်ပါ။

ဘယ်နေရာက ဘယ်ကွန်ပျူ တာပဲ ဖြစ်ဖြစ် အရေးမကြီးပါဘူး။

ပြီးရင် ညာဘက် အပေါ်ထောင့်က စက်သွားလေးကို နှိပ်လိုက်ရင် Menu လေးတစ်ခု ကျလာပါလိမ့်မယ်။

အဲ့ထဲက Account Setting ကိုသွားပါ။

ထို့နောက် ဘယ်ဘက် အပေါ်နားလေးမှာရှိတဲ့ Security ဆိုတာလေးကို ရွေးလိုက်ပါ။

ပြီးရင် ပေါ်လာတဲ့ထဲက အောက်ဆုံးနားမှာ ရှိတဲ့ Active Sessions ထဲကို ဝင်လိုက်ပါ။

အဲ့ဒီမှာ သင် Log In ဝင်ထားသမျှ နေရာတွေနဲ့ စာရင်းကို တွေ့ရပါလိမ့်မယ်။

End Activity ဒါမှမဟုတ် End All Activity ကို နှိပ်လိုက်မယ် ဆိုရင် သင်ဝင်ထားသမျှ စက်တွေအားလုံးမှာ Log Out လုပ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

Facebook တွင် လူများနှင့် app invite များကို block ပြုလုပ်ခြင်း

No comments
Facebook သည် မိတ်ဆွေဟောင်းများကို ရှာဖွေခြင်း၊ မိတ်ဆွေသစ်များနှင့် တွေ့ဆုံခြင်း စသည့် လူမှုရေးကိစ္စရပ်များ အတွက် အသင့်တော်ဆုံး ဝက်ဘ်ဆိုက်တစ်ခု ဖြစ်သည်။ သို့သော်လည်း ၎င်းတွင် အားနည်းချက်များရှိသည်။

Facebook သုံးစွဲသူများသည် အကြောင်းအရာ အသေးအဖွဲ ကိစ္စရပ်များကိုပင် status update တင်သူများနှင့် တွေ့ကြုံနိုင်သလို မပြီးဆုံးနိုင်သည့် app နှင့် event invite များကဲ့သို့သော စိတ်ပျက်ဖွယ်ရာများနှင့်လည်း ကြုံတွေ့ရနိုင်သည်။

ထို့ကြောင့် Facebook တွင် လူများနှင့် app invite များကို တားဆီးပေးနိုင်မည့် နည်းလမ်းအား ဖော်ပြပေးလိုက်ပါသည်။

လူများကို block ပြုလုပ်ခြင်း

Facebook စာမျက်နှာ၏ အပေါ် ညာဘက်ရှိ သော့ခလောက်ပုံစံ ခလုတ်ကိုနှိပ်ပါ။ ပေါ်လာသည့် Privacy Shortcuts menu တွင် မိမိ၏ post ကို မြင်တွေ့စေလိုသူများအား အလျင်အမြန် ပြောင်းလဲနိုင်သလို post များတွင် comment ပေးသူများကိုလည်း ပြောင်းလဲနိုင်သည်။ ထို့အပြင် မိမိကို စိတ်အနှောင့်အယှက် ဖြစ်စေသည့် လူများကိုလည်း အလျင်အမြန် block နိုင်သည်။

“How do I stop someone from bothering me” option ကိုနှိပ်ပြီး စိတ်အနှောင့်အယှက် ဖြစ်စေသူ၏ အမည် သို့မဟုတ် email လိပ်စာကို ထည့်သွင်းပြီး block လုပ်နိုင်သည်။ ထိုသို့ပြုလုပ်ခြင်းအတွက် Facebook က သုံးစွဲသူများကို အကြောင်းကြားမည် မဟုတ်ပါဘူး။ Block ပြုလုပ်ခံရသူ အနေဖြင့် block ပြုလုပ်သူ၏ profile ကို မမြင်ရတော့သလို message ပြုလုပ်ခြင်း၊ comment ပေးခြင်း စသည်တို့ကိုလည်း ပြုလုပ်နိုင်မည် မဟုတ်ပေ။ ထို့အပြင် သူငယ်ချင်း ဖြစ်နေသည့်သူများကိုလည်း အရင်ဆုံး unfriend ပြုလုပ်ပေးသည်။

app များနှင့် invite များကို block ပြုလုပ်ခြင်း

တစ်စုံတစ်ယောက်ကို block မလုပ်ချင်သလို မိမိတင်လိုက်သည့် post များကိုလည်း မမြင်စေချင်ဘူးဆိုရင်တော့ Settings menu ထဲက Blocking section တွင် ပြုလုပ်နိုင်သည်။ Blocking section > Restricted list တွင် တစ်ဦးတစ်ယောက်စီ၏ အမည်များကို ထည့်သွင်းနိုင်ပြီး ၎င်းစာရင်းတွင် ထည့်သွင်းခံထားရသူများသည် post များကို public ဖြင့် ဝေမျှမှသာ ဝေမျှသူ၏ အချက်အလက်များကို မြင်တွေ့နိုင်မည် ဖြစ်သည်။

လူနာမည်နှင့် restrict မလုပ်ဘဲ သက်ဆိုင်ရာ app တွေကို block လုပ်မယ်ဆိုရင်တော့ Blocking section > Block apps တွင် invite များကြောင့် စိတ်အနှောင့်အယှက် ဖြစ်စေသည့် app အမည်ကို ထည့်သွင်းခြင်းဖြင့် ပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်ခြင်းကြောင့် စိတ်အနှောင့်အယှက် ဖြစ်စေမည့် invite များ ထပ်မံ ရောက်ရှိလာတော့မည် မဟုတ်ပေ။
Tue, 06/17/2014 - 14:06

- See more at: http://www.myanmarinternetjournal.com/content/13063#sthash.XW2NwXB7.dpuf

Ref: CNET
ShareThis Copy and Paste
- See more at: http://www.myanmarinternetjournal.com/content/13063#sthash.XW2NwXB7.dpuf

Facebook အကောင့်ယာယီပိတ်နည်း

No comments

Facebook အကောင့်ယာယီပိတ်ထားချင်ရင်.

  1. Click the account menu at the top right of any Facebook page
  2. Choose Account Settings
  3. Select Security from the left-hand menu
  4. Click on "Deactivate your account"
 အဲ့နည်းကတော့ အကောင့်ကို ခဏပိတ်လိုက်တဲ့အတွက် ဖေ့ဘွတ်စာမျက်နှာမှာပျောက်နေမှာပါ ။ လိုချင်တဲ့အချိန် ၊ ပြန်သုံးချင်တဲ့ အချိန်မှာ ပြန်ပြီး Active လုပ်လို့ 
 ရပါတယ် message,invite,request တွေတော့ ၀င်နေမှာပါ ကိုယ်ပြန်သုံးတဲ့အချိန်မှာ ပေါ်လာမှာပါ.။

Facebook Shortcut Keys

No comments
Facebook User အတွက် ရှောပ်ကပ်ကီးတွေကို နည်းနည်းပြောပြချင်လို့ပါဗျာ ။ မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူ အသုံးပြုနိုင်ဖို့ပါ ။ အသုံးပြုရမှာ Alt +1 လို့ ဆိုထားပေမယ့် ။ တကယ်လိုနိပ်လို အလုပ်မလုပ်ဘူးဆိုရင်တော့ Shift + Alt +1 အဲလို တွဲနိပ်လိုက်ရင် အဆင်ပြေမှာပါဗျာ ။ တကယ် သုံးလို့ကောင်းပါတယ်ဗျာ ။ ရှောပ်ကပ်ဝါသနာရှင်တွေအတွက်ပေါ့ ။ အထူးတလည်တော့ မဟုတ်ပါဘူး

  • Alt+1 -Return you to Home

  • Alt+2 -To view the Wall of the profile

  • Alt+3 -To pull down the Friends Requests list in there

  • Alt+4 -To retrieve the Messages list of the profile

  • Alt+5 -To call out the Notification list of the profile

  • Alt+6 -Go to Account setting page

  • Alt+7 -Moves page to Account privacy configuration.

  • Alt+8 -Opens Facebook fans group page

  • Alt+9 -Skips to Facebook Statement of Rights and Responsibilities

  • Alt+0 -Go to Facebook Help Center

  • Alt+m -To Create new message

  • Alt+? -To move Cursor in the Search Box   

Android Phone ကိုင်ဆောင်သူများအတွက် Myanmar Facebook

No comments
Androids များအတွက် မြန်မာ Facebook Application တစ်ခုတင်ပေးလိုက်ပါတယ်။

သိပ်ဆန်းဆန်းပြားပြား ကြီးတော့မဟုတ်ပါဘူး။မြန်မာမူပြုထာခြင်းဖြစ်ပါတယ်။
အခြားသော Facebook မြန်မာ Apk တွေနဲ့ မတူပဲ ထူးခြားချက်ကတော့
အားလုံးနီးပါးမြန်မာလို့ မြင်ရမှာဖြစ်ပါတယ်။မြန်မာလို့ အသုံးပြုရတာကို ကြိုက်နှစ်သက်တဲ့
သူငယ်ချင်းများရှိရင် အောက်မှာဒေါင်းဖို့လင့်ပေးထားပါတယ်။
ကျနော်ပေးတဲ့ Apk ကို ဖုန်းထဲ့ မှာ Install မလုပ်ခင် မိမိ တို့ ဖုန်းထဲ့မှာ အရင်သုံးနေတဲ့
Facebook Apk ကိုတော့ဖြတ်ပြစ်ရပါမယ်။ ဖြတ်ပြီးပြီးဆိုမှ ကျနော်ပေးတဲ့
မြန်မာဖေ့ဘုတ် ကိုစတင်ဖုန်းထဲ့ မှာ Install လုပ်ပြီးအသုံးပြုပါခင်ဗျာ။ အားလုံးဘဲအဆင်ပြေကြပါစေ။
https://copy.com/F2RVmfwMfxjO

Facebook ကို Master တစ်ယောက်လိုသုံးတတ်စေ၇န်

No comments
facebook ကိုကျွမ်းကျွမ်းကျင်ကျင်အသုံးပြုတတ်စေရန်ရည်ရွယ်ထားပါ
တယ်။ သာမန် user အဆင့်မှသည် facebook specialist ဖြစ်သည်
အထိရေးသားထားပါသည်။ တော်တော်လေးကောင်းမွန်ပြီး ဆောင်ထား
ရမယ့် စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါတယ်။ စာအုပ်လေးကိုဖတ်ပြီး မိမိ၏ facebook ကိုတစ်ချက်ခြင်းစီပြုပြင်ပြီး လှပတဲ့အသွင်အပြင်များနဲ့ ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ကြပါစေ။ ဒီစာအုပ်လေးကိုရေးသားပေးတဲ့ ဆရာများကိုလည်းကျေးဇူးအထူး
တင်ပါတယ်။ အားလုံးပဲအဆင်ပြေကြပါစေ။

Facebook မှာမိမိ Like လုပ်ထားတာတွေကိုသူများတွေမမြင်အောင်လုပ်နည်း

No comments

 အဲညာဘက်က ခဲတံပုံလေးတွေ့လား ထောက်လိုက်ရင် manage ဆိုပြီး စာသားလေးပေါ်လိမ့်မယ်လေ
Edit privacy ကိုနှိပ်လိုက်ပါ

ကျွန်တော်ပုံမှာ ပြထားတဲ့အတိုင်းပဲ မပြစေချင်တဲ့
Section တွေကို only me ထားသော့ခတ်လိုက်ပေါ့ ကျွန်တော်ကတော့ အားလုံးကို သော့ခတ်ထားတယ် ပြီးရော ... အဆင်ပြေကြပါစေဗျာ။
ငါက 18+ Page ကြီး Like လို့အဆင်မပြေဘူးလေ ငါ့ကိုသူများတွေ
သိကုန်မှာပေါ့ ဆိုသူများအတွက် နည်းလမ်းကောင်းလေးပါ ။
ဖုန်းသမားတွေဆိုလည်း ကွန်ပျူတာနဲ့ သာသုံးပြီးလုပ်လိုက်ပါ ။ ကွန်ပျူတာ
နဲ့ နည်းလမ်းလေး တင်ဆက်ပေးပါ့မယ် ။
အရင်ဆုံး မိမိ ဘယ် page တွေ Like ထားလဲ သိရအောင်
https://www.facebook.com/me/likes ကိုသွားလိုက်ပါ ဒါဆို Like ထားသမျှ Page တွေကို အမျိုးအစားလိုက် ဖော်ပြပေးနေပါလိမ့်မယ်
မပူပါနဲ့ အဲညာဘက်က ခဲတံပုံလေးတွေ့လား ထောက်လိုက်ရင် manage ဆိုပြီး စာသားလေးပေါ်လိမ့်မယ်လေ ကဲ အဲဒီ ခဲတံလေးကိုနှိပ်ပြီးတော့
Edit privacy ကိုနှိပ်လိုက်ပါ အဲဒါပြီးရင်တော့ အခုလို box လေးတစ်ခု ထပ်ကျပါလိမ့်မယ် ကျွန်တော်ပုံမှာ ပြထားတဲ့အတိုင်းပဲ မပြစေချင်တဲ့
Section တွေကို only me ထားသော့ခတ်လိုက်ပေါ့ ကျွန်တော်ကတော့ အားလုံးကို သော့ခတ်ထားတယ် ပြီးရော ... အဆင်ပြေကြပါစေဗျာ။

သင့်ရဲ့ Facebook သမိုင်းကြောင်းကို Video File နဲ့ ပြန်လည်ကြည့်ရှုနိုင်ပြီ

No comments

သင် Facebook စသုံးတဲ့အချိန်ကနေ ယနေ့အထိ အသုံးပြုထားတဲ့ History တွေကို Video File နဲ့ ပြန်လည်ကြည့်ရှုနိုင်ဖို့ A Look Back ဆိုတဲ့ Facebook App တစ်ခုထွက်ရှိလို့ လာခဲ့ပါပြီ။

Facebook စသုံးတဲ့အချိန်မှာ ပထမဆုံးတင်ခဲ့တဲ့ ဓာတ်ပုံတွေ၊ တင်ခဲ့တဲ့ ဓာတ်ပုံတွေထဲမှာမှ Like အများဆုံး စံချိန်တင်နိုင်ခဲ့တဲ့ ဓာတ်ပုံတွေ၊ စာသားတွေ၊ Share ခဲ့တဲ့ ဓာတ်ပုံတွေကို ခုနှစ်အလိုက် စုစည်းပေးထား
ပါတယ်။ မြန်မာဖောင့်တော့ မတွေ့ရပါဘူး။

ဒါပေမယ့် ကိုယ့်ရဲ့ History Video File ကို မြင်တွေ့ခွင့်ရတဲ့အတွက် စိတ်ကျေနပ်မှု တစ်ခုတော့ ရသွားလိမ့်မယ်ဆိုတာ ကျိန်းသေပြောရဲပါတယ်။

Techspace ပရိသတ်ကြီးတို့ရဲ့ Facebook History ကို Video File အနေနဲ့ ပြန်လည် ခံစားလိုတယ်ဆိုရင်တော့
https://www.facebook.com/lookback/ ကိုသွားပြီး စမ်းသပ်နိုင်ပါတယ်။