Showing posts with label ဗဟုသုတ. Show all posts
Facebook မစွဲလမ်းတော့လျှင် ရရှိလာမည့်ကောင်းကျိုး(၁၀)ခု
Social Network တွေဖြစ်တဲ့ Facebookတို့ Twitterတို့ဆိုတာ လူတွေနဲ့ဆက်ဆံရာမှာ၊ မိတ်ဆွေအသစ်တွေရှာဖွေရာမှာ
အသုံးဝင်ကောင်းဝင်ပါလိမ့်မယ
Facebook ကို Checkတာဟာ အလုပ်တစ်ခုလိုတောင်ဖြစ်လာနေ
တင်ကြတယ်။ အခြားသူတွေဘာလုပ်နေမလဲ Facebookပေါ်မှာကြည့်မယ်။ ဘယ်နေရာမှာ ဘာဖြစ်နေလဲကြည့်မယ်။ ဂိမ်းဆော့မယ်။
အစရှိသဖြင့် Facebookကိုအသုံးပြုနေကြပါတ
သုံးကြတာများပါတယ်။ ဒီတော့ အချိန်တွေဖြုန်းနေလို့ ဖြုန်းမှန်းမသိအောင်ကို Facebookသုံးကြပါတယ်။ သင်ရောအဲ့ဒိအထဲပါနေပြီလား?
ဒါဆိုရင်တော့ သင်ရပ်တန်းကရပ်သင့်ပါပြီ။ သင်Facebookကို ခနခနသုံးမနေဘူးဆိုရင် ဖြစ်လာနိုင်မယ့် အချက်(၁၀)ချက်ကိုဖော်ပြ
ပေးလိုက်ပါတယ်။
#(၁)သင့်ဘ၀ပြန်လည်အသက်ဝင်လာ
“ပြန်လည်အသက်ဝင်လာမယ်”ဆိုတဲ
တစ်နေ့မှာ၂၄နာရီရှိပါတယ်။ ၈နာရီကအိပ်ပါတယ်။ ၈နာရီကအလုပ်လုပ်ပါတယ်။ ကျန်တဲ့၈နာရီမှာရော ဘယ်နှကြိမ်လောက် Facebookကို
ကြည့်ပါသလဲ? တနေကုန်အလုပ်မှာလည်း Facebookကြည့်တယ်၊ ကျန်တဲ့ ၈နာရီမှာလည်း Facebookကြည့်တယ်ဆိုရင် သင့်ရဲ့နေစဉ်ဘ၀က
ရှင်သန်သေးရဲ့လား ပြန်စဉ်းစားဖို့လိုပါပြီ။ Facebook မပေါ်ခင်တုန်းကရောသင်ဘာလုပ်ခ
သူငယ်ချင်းသို့မဟုတ် မိသားစုနဲ့ မုန့်သွားစားမယ်၊ သို့မဟုတ်တစ်ယောက်ထဲရုပ်ရှင
#(၂)အလုပ်တွေပိုပြီးလာလိမ့်
ဘလော့ဂါတစ်ယောက်အနေနဲ့ ကျွန်တော်တို့အတွေ့အကြုံကို
စာတွေကိုအင်တာနက်ကနေ ရှာဖွေပြီးဖတ်ရှုရပါတယ်။ ကျွန်တော့်ရဲ့ အကြီးမားဆုံးရန်သူကတော့ Social Mediaပါပဲ။ စာဖတ်လိုက်
Facebookကိုကြည့်လိုက်နဲ့ အလုပ်ပေါ်အာရုံစူးစိုက်မှုအား
ကြည့်ဖြစ်တဲ့အခါကြည့်ဖြစ်သွ
Facebookကိုကြည့်ချင်စိတ်တေ
ဒါပေမဲ့အချိန်မီပဲ ကျွန်တော်ဖြေရှင်းနိုင်ခဲ့ပ
အဲ့ဒိနောက်ပိုင်း အလုပ်တွေပိုပြီးလာပါတယ်။ Stressတွေလည်း နည်းလာပါတယ်။ ဒါကြောင့်အလုပ်ချိန်မှာ Facebookသုံးတာကိုဖြစ်နိုင်
ရှောင်ရှားပါ။ မရှောင်ရှားနိုင်ရင် အချိန်တစ်ခုသတ်မှတ်ပြီး သုံးပါ။ သင့်အလုပ်တွေပိုပြီးလာပါလိမ
#(၃)အခြားအရာတွေမှာ အာရုံစူးစိုက်မှုပိုကောင်းလာ
Facebook ကတက်လာမယ့် Update Statusတွေကို မအိပ်ဘဲ ရူးရူးမိုက်မိုက်စောင့်ဖူးပ
စဉ်းစားဖူးပါသလား? အဲ့ဒိ New Statusတွေတက်တာကိုစောင့်နေတ
စာအုပ်ဖတ်တာဖြစ်ဖြစ်၊ မနက်ပိုင်းမှာဆိုလည်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ
#(၄)သင့်သူငယ်ချင်းအစစ်တွေက
Facebookပေါ်မှာခင်ရတာအရမ်းလ
သင်Facebook မသုံးဘဲနေကြည့်လိုက်ပါ။ သင့်ကိုဘယ်နှစ်ယောက်လောက် ဖုန်းဆက်မလဲ၊ သင်နဲ့အပြင်မှာဘယ်သူကတွေ့ပြ
စောင့်ကြည့်လိုက်ပါ။ သင့်သူငယ်ချင်းအစစ်တွေ ပေါ်လာပါလိ့မ်မယ်။
#(၅)သင်စွဲလမ်းခဲ့ဖူးတဲ့ Likeဆိုတာ ဘာမှတကယ့်ဘ၀မှာ သုံးမရဘူးဆိုတာသင်သိလာလိမ့်
Facebookပေါ်မှာ Likeတယ်ဆိုတာတကယ်တော့ Likeရဲ့ Meaningတောင်ပျောက်နေပါပြီ။
ဒါကြောင့်Facebookနဲ့နည်းနည
#(၆)လက်တွေ့ဘ၀မှာ ပိုပြီးအောင်မြင်လာလိမ့်မယ်
Facebookကေပးတဲ့အဓိကၿပသနာကေ
လုပ်ဆောင်နိုင်တာတွေအများကြ
ပန်းကန်တွေကူဆေးပေးနိုင်ပါတ
#(၇)Facebook မလိုလားအပ်တဲ့ပြသနာတွေ အေးသွားပါလိမ့်မယ်။
Facebook သုံးတဲ့သူတိုင်းအတွက် သင့်ကိုစောင့်ကြည့်နေတဲ့သူရ
သင်ရဲ့စိတ်ထဲက လျှို့ဝှက်ချက်တွေအားလုံးကိ
သင့်ရဲ့သူငယ်ချင်းတစ်ယောက်က
#(၈)သင့်ကိုယ်သင်ပိုပြီး အကောင်းမြင်လာလိမ့်မယ်။
လေ့လာတွေ့ရှိချက်တွေအရတော့ Facebookကလူတော်တော်များမျာ
Likeနည်းတဲ့အခါ၊ သင့်ပုံတင်လိုက်လို့ Likeနည်းတဲ့အခါ၊ သင့်ကိုယ်သင်ယုံကြည်မှုတွေပါ
စိတ်ဓာတ်ကျလာစေပါတယ်။ ခနလောက် Facebook နဲ့ဝေးဝေးနေကြည့်လိုက်ပါ။ သင့်ကိုယ်သင်ပိုပြီး အကောင်းမြင်လာပါလိမ့်မယ်။
#(၉)သင်ပိုင်ဆိုင်ထားတဲ့ပစ္စ
ဂျာမနီနိုင်ငံမှာပြုလုပ်ခဲ
သူတော်တော် များမျာဟာ ၀န်တိုစိတ်တွေများလာကြပါတယ်
ဆိုပါတယ်။ Facebookပေါ်မှာသူများတွေတင်
ဖုန်းအသစ်ပုံ၊ ကားအသစ်ပုံ၊ အိမ်အသစ်ပုံတွေ၊ ချစ်သူတွေတွဲရိုက်ထားတဲ့ပုံ
ဖြစ်တတ်ကြပါတယ်။Facebookဆို
ဖြစ်တာကြောင့် လူတွေကတော့ ကြွားနေမှာပါပဲ။ ဒီတော့ သင်အဲဒိလို
မနာလိုမှုတွေရှိတယ်ဆိုရင် Facebookကနေခနလောက်ထွက်ပြီး
#(၁၀)Facebook ဆိုတာကြော်ငြာတွေအများကြီြး
Facebookက သင်ကြိုက်နှစ်သက်တဲ့အရာတွေက
ကျွန်တော်က Facebookကို ပြစ်တင်ရှုတ်ချနေတာမဟုတ်ပါဘူ
ပြီ။ Facebookဆိုတာ အလုပ်တစ်ခု၊ စီးပွားရေးတစ်ခု၊စွဲလမ်းမှုတ
နှိုင်းယှဉ်ကြည့်လိုက်ပါအုံး
အရေးမကြီးတဲ့ကိစ္စတွေမှာမဖြု
Facebokစွဲလမ်းခြင်းရောဂါ အမြန်ဆုံးပျောက်ကင်းကြပါစေ။
မိုးရှင်း (I.M.T)
ဂူဂဲလ်ဘာသာပြန်မှာ မြန်မာစာလည်း ရပြီ
ဂူဂဲလ်မှာ မြန်မာနဲ့ပတ်သက်ပြီး ဘာသာပြန်လို့ ရပါပြီ။ ဒီဇင်ဘာလ ၁၁ ရက်နေ့က ဂူဂဲလ်ဘာသာပြန် ဘလော့ဂ်မှာ ဂူဂဲလ်ဘာသာပြန်အင်ဂျင်နီယာအသင်းက သတင်းထုတ်ပြန်သွားခဲ့ပါတယ်။
ဂူဂဲလ်ဟာ ဘာသာစကားပေါင်း ၉၀ ခုကို ဘာသာပြန်တဲ့ စနစ်ထည့်သွင်းထားခဲ့ပြီး အခုဆို နောက်ထပ် ဘာသာစကား ၁၀ ခုကို ထပ်တိုးလာခဲ့ရာ မြန်မာဘာသာက တခုပါဝင်လာလို့ မြန်မာဘာသာသို့ ဘာသာပြန် လိုတာ၊ ဒါမှမဟုတ် မြန်မာဘာသာက ဂူဂဲလ်မှာရှိတဲ့ အခြားဘာသာကို ဘာသာပြန်လိုတာတွေ အတွက် ယေဘူယျ အားဖြင့် အဆင်ပြေသွားပြီလို့ ဆိုရပါမယ်။
အခုထပ်တိုးလိုက်တဲ့ ဘာသာစကား ၁၀ ခုကတော့ မာလာဝီနဲ့ အနီးပတ်ဝန်းကျင်က လူပေါင်း ၁၂ သန်း
လောက် အသုံးပြုတဲ့ Chichewa ဘာသာ၊ မာဒါကာစကာက လူ ပေါင်း ၁၈ သန်းလောက် အသုံးပြုနေတဲ့ Malagasv ဘာသာ၊ တောင်အာဖရိကရှိ ဘာသာစကား ၁၁ ခုထဲက Lesotho က Sesotho ဘာသာ၊ အိန္ဒိယတိုက်ရဲ့ အဓိက ဘာသာစကား တခုဖြစ်ပြီး လူပေါင်း ၃၈ သန်းလောက် အသုံးပြုနေတဲ့ Malayalam ဘာသာ၊ လူပေါင်း ၃၃ သန်းကျော် အသုံးပြု နေတဲ့ မြန်မာ ( Myanmar)၊ သီရိလင်္ကာက လူပေါင်း ၁၆ သန်း လောက် အသုံးပြုနေတဲ့ Sinhala ၊ အင်ဒိုနီးရှား၊ ဂျာဗား ဘက်က လူပေါင်း ၃၉ သန်းကျော် အသုံးပြုနေတဲ့ Sundanese ဘာသာ၊ ကာဇစ်စတန်က လူပေါင်း ၁၁ သန်း အသုံးပြု နေတဲ့ Kazakh၊ တာဂျစ်ကစ္စတန်က လူ ၄ သန်း လောက်အသုံးပြုနေတဲ့ Tajik ၊ ဥဇဘက်ကစ္စတန်က လူပေါင်း ၂၅ သန်း
လောက် အသုံးပြုနေတဲ့ Uzbek ဘာသာဆိုတဲ့ ဘာသာစကား ၁၀ ခုကို ဂူဂဲလ်က ဘာသာပြန်ဝန်ဆောင်မှု အသစ်အဖြစ် ထပ်တိုးလိုက်တာပါ။
အခုလို မြန်မာဘာသာကို ဂူဂဲလ်မှာ တရားဝင် ဘာသာပြန်လို့ ရလာတာဟာ ထူးခြားတဲ့ ခြေလှမ်း တရပ် လည်းဖြစ်သလို မနှစ်တုန်းကလည်း ဂူဂဲလ်တာဝန်ရှိသူတွေ မြန်မာနိုင်ငံကို လာရောက်ဆွေးနွေးပြောဆိုခဲ့ မှုတွေရဲ့နောက်ဆက်တွဲ အကျိုးရလာဒ်ဖြစ်မယ်ထင်ပါတယ်။
အရင်ကထက်စာရင်တော့ ဂူဂဲလ်မှာ မြန်မာဘာသာစကားကို ယူနီကုဒ်နဲ့ ပါဝင်လာတာမို့ အခြားဘာသာ စကားတွေနဲ့ ဖလှယ်ရာမှာ အတိအကျ မဟုတ်ပေမယ့် အတော်ပဲ အဆင်ပြေသွားမယ်ထင်ပါတယ်။
ဘာသာစကားဟာ အချင်းချင်း ဆက်သွယ်ပြောဆိုရာမှာ အတားအဆီးမဖြစ်စေဖို့ အခုလို ဂူဂဲလ် ဘာသာ
ပြန် အင်ဂျင်နီယာ အဖွဲ့က တီထွင်ပေးလိုက်ခြင်းလည်း ဖြစ်ပါတယ်။
ဂူဂဲလ်ရဲ့ ဘာသာပြန် လိပ်စာကတော့ https://translate.google.com/ ဖြစ်ပြီး အခုဆို မြန်မာဘာသာ အပါအဝင် ဘာသာစကားပေါင်း ၁ဝဝ ကို ဘာသာပြန် ဝန်ဆောင်မှု လုပ်ဆောင်ထားတာတွေ့ရပါလိမ့်မယ်။
ဂူဂဲလ်ဟာ ဘာသာစကားပေါင်း ၉၀ ခုကို ဘာသာပြန်တဲ့ စနစ်ထည့်သွင်းထားခဲ့ပြီး အခုဆို နောက်ထပ် ဘာသာစကား ၁၀ ခုကို ထပ်တိုးလာခဲ့ရာ မြန်မာဘာသာက တခုပါဝင်လာလို့ မြန်မာဘာသာသို့ ဘာသာပြန် လိုတာ၊ ဒါမှမဟုတ် မြန်မာဘာသာက ဂူဂဲလ်မှာရှိတဲ့ အခြားဘာသာကို ဘာသာပြန်လိုတာတွေ အတွက် ယေဘူယျ အားဖြင့် အဆင်ပြေသွားပြီလို့ ဆိုရပါမယ်။
အခုထပ်တိုးလိုက်တဲ့ ဘာသာစကား ၁၀ ခုကတော့ မာလာဝီနဲ့ အနီးပတ်ဝန်းကျင်က လူပေါင်း ၁၂ သန်း
လောက် အသုံးပြုတဲ့ Chichewa ဘာသာ၊ မာဒါကာစကာက လူ ပေါင်း ၁၈ သန်းလောက် အသုံးပြုနေတဲ့ Malagasv ဘာသာ၊ တောင်အာဖရိကရှိ ဘာသာစကား ၁၁ ခုထဲက Lesotho က Sesotho ဘာသာ၊ အိန္ဒိယတိုက်ရဲ့ အဓိက ဘာသာစကား တခုဖြစ်ပြီး လူပေါင်း ၃၈ သန်းလောက် အသုံးပြုနေတဲ့ Malayalam ဘာသာ၊ လူပေါင်း ၃၃ သန်းကျော် အသုံးပြု နေတဲ့ မြန်မာ ( Myanmar)၊ သီရိလင်္ကာက လူပေါင်း ၁၆ သန်း လောက် အသုံးပြုနေတဲ့ Sinhala ၊ အင်ဒိုနီးရှား၊ ဂျာဗား ဘက်က လူပေါင်း ၃၉ သန်းကျော် အသုံးပြုနေတဲ့ Sundanese ဘာသာ၊ ကာဇစ်စတန်က လူပေါင်း ၁၁ သန်း အသုံးပြု နေတဲ့ Kazakh၊ တာဂျစ်ကစ္စတန်က လူ ၄ သန်း လောက်အသုံးပြုနေတဲ့ Tajik ၊ ဥဇဘက်ကစ္စတန်က လူပေါင်း ၂၅ သန်း
လောက် အသုံးပြုနေတဲ့ Uzbek ဘာသာဆိုတဲ့ ဘာသာစကား ၁၀ ခုကို ဂူဂဲလ်က ဘာသာပြန်ဝန်ဆောင်မှု အသစ်အဖြစ် ထပ်တိုးလိုက်တာပါ။
အခုလို မြန်မာဘာသာကို ဂူဂဲလ်မှာ တရားဝင် ဘာသာပြန်လို့ ရလာတာဟာ ထူးခြားတဲ့ ခြေလှမ်း တရပ် လည်းဖြစ်သလို မနှစ်တုန်းကလည်း ဂူဂဲလ်တာဝန်ရှိသူတွေ မြန်မာနိုင်ငံကို လာရောက်ဆွေးနွေးပြောဆိုခဲ့ မှုတွေရဲ့နောက်ဆက်တွဲ အကျိုးရလာဒ်ဖြစ်မယ်ထင်ပါတယ်။
အရင်ကထက်စာရင်တော့ ဂူဂဲလ်မှာ မြန်မာဘာသာစကားကို ယူနီကုဒ်နဲ့ ပါဝင်လာတာမို့ အခြားဘာသာ စကားတွေနဲ့ ဖလှယ်ရာမှာ အတိအကျ မဟုတ်ပေမယ့် အတော်ပဲ အဆင်ပြေသွားမယ်ထင်ပါတယ်။
ဘာသာစကားဟာ အချင်းချင်း ဆက်သွယ်ပြောဆိုရာမှာ အတားအဆီးမဖြစ်စေဖို့ အခုလို ဂူဂဲလ် ဘာသာ
ပြန် အင်ဂျင်နီယာ အဖွဲ့က တီထွင်ပေးလိုက်ခြင်းလည်း ဖြစ်ပါတယ်။
ဂူဂဲလ်ရဲ့ ဘာသာပြန် လိပ်စာကတော့ https://translate.google.com/ ဖြစ်ပြီး အခုဆို မြန်မာဘာသာ အပါအဝင် ဘာသာစကားပေါင်း ၁ဝဝ ကို ဘာသာပြန် ဝန်ဆောင်မှု လုပ်ဆောင်ထားတာတွေ့ရပါလိမ့်မယ်။
♫တယ်လီဖုန်းခြေရာခံခြင်းနှင့်သိထားသင့်သောသတိပြုစရာများ♫
တယ်လီဖုန်းဖြေရာခံခြင်းနဲ့ ပတ်သတ်ပြီး ဘယ်လိုဘယ်ပုံမျိုးနဲ့  ခြေရာခံတယ် ၊ ဘယ်လိုဘယ်ပုံ
မျိုးနဲ့  ကိုယ့်ကိုယ်ခြေရာခံတာကို ကာကွယ်မလဲဆိုတာကို ပြောပြပေးပါမယ်၊
* သင်ဘယ်မှာရှိနေတယ်ဆိုတာကို ဘယ်လိုခြေရာခံတာလဲ ?
ဒါကတော့ရိုးရှင်းပါတယ် သင်အသုံးပြုနေတဲ့ ဖုန်းနဲ့ အနီးဆုံး တယ်လီဖုန်းရေဒီယို တာဝါတိုင်
သုံးခုကိုအသုံးပြုပြီး တြိဂံ ပုံစံ ကွန်ယက်အတွင်းက တည်နေရာကို တွက်ချက်တာပါ၊
တြိဂံခြေရာခံနည်းစနစ် လို့ ခေါ်ပါတယ်၊ လူနေထူထပ်တဲ့ မြို့ ပြ လိုနေရာမျိုး
(ဥပမာကျွန်တော်တို့ ရန်ကုန်ပေါ့ ) မှာ ခြေရာခံမယ်ဆိုရင် တယ်လီဖုန်းတာဝါတိုင်တွေ အများကြီး
ရှိတဲ့အတွက် 10 ပေ 15 ပေ အတွင်းအတိအကျသိ နိုင်ပေမယ့် ဖုန်းတာဝါတိုင်တွေနည်းပါးတဲ့
ကျေးလက်ဒေသလိုနေရာမျိုးမှာပေါ့ ပေ ရာဂဏန်းအထိ ကွဲလွဲနိုင်ပါတယ်၊
သင်ဖုန်းလက်ခံစကားပြောတာ ၊message ပို့ တဲ့အချိန်မျိုးမှာ သင်ဘယ်နေရာမှာရှိနေတယ်ဆိုတာကို
ကွန်ယက်မှတ်တမ်းတွေထဲမှာ သိမ်းဆည်းထားနိုင်ပါတယ်၊ သတိပြုရမှာက ဒါဟာ ဖုန်းကွန်ယက်ရဲ့
လုပ်ဆောင်ချက်ပဲရှိပါသေးတယ် ၊ဆိုလိုချင်တာကတော့ ဒါဟာသေသေချာချာစောင့်ကြည့်ခြေရာခံတဲ့ နည်းလမ်းတွေ မဟုတ်သေးပါဘူး။ ကွန်ယက်တိုင်းက သင့်ဖုန်းက အသံလှိုင်းကို တြိဂံနည်းစံနစ်သုံးပြီး ခြေရာခံနိုင်ပါတယ်။ အဲဒီအတွက် ဒီလိုအချက်အလက်ကိုသုံးပြီး (ဘယ်မှာရှိနေတယ်ဆိုတာသိပြီး) သင့်ကိုဒုက္ခပေးနိုင်တယ် ဆိုတာ မမေ့ဖို့ အင်မတန်အရေးကြီးပါတယ်။
သင့်လက်ကိုင်ဖုန်းက ချိတ်ဆက်မိတဲ့ ဖုန်းတာဝါတိုင်တိုင်းကို သင်ဘယ်မှာရှိနေတယ်ဆိုတာ စဉ်ဆက်
မပြတ် သတင်းပို့ပါတယ်။ ခြေရာမခံမိစေချင်ရင် ဖုန်းထဲကဓါတ်ခဲကိုထုတ်ရုံသာမက ဖုန်းကိုပါအိမ်မှာ
ထားခဲ့ပါ။
ခြေရာခံခြင်းနဲ့ပတ်သက်ပြီး သတိပြုသင့်တဲ့ အချက်တချို့
သင်ပုံမှန်အသုံးပြုသည့် ဖုန်းဆင်မ်ကဒ် (subscriber identity module လို့ခေါ်တဲ့ ဖုန်းကဒ်) အစား
ပြောင်းလဲအသုံးပြုနိုင်မယ့် (ဖုန်းကုမ္ပဏီမတူတဲ့) ဆင်မ်ကဒ်တခု ဆောင်ထားပါ။ ဖြစ်နိုင်ရင်တော့
ဖုန်းတလုံးထက်မက သယ်ဆောင်အသုံးပြုပါ။ အစည်းအဝေးတွေအတွက် ခရီးသွားနေစဉ်အတွင်း
ဖုန်းကတဆင့် ခြေရာမခံနိုင်အောင်၊ ဘယ်နေရာရောက်နေတယ်ဆိုတာ မသိရအောင် ဖုန်းထဲက ဓါတ်ခဲ
ကို ထုတ်ထားပါ။ (ဖုန်းပိုင်ရှင် ဘယ်နေရာမှာရှိတယ်ဆိုတာ GPS စံနစ်လို့ခေါ်တဲ့ ဂြိုလ်တု
ကတဆင့် ခြေရာခံနိုင်သလို triangulation လို့ခေါ်တဲ့ ဖုန်းတိုင်တွေကတဆင့်
တြိဂံခြေရာခံနည်းစံနစ်နဲ့လဲခြေရာခံနိုင်ပါတယ်)
အာဏာပိုင်တွေက သင့်ကိုခြေရာခံနေတယ်လို့ထင်ရင်
စိတ်ပူရင် သင်အသုံးပြုနေတဲ့ ဖုန်းကဒ် ကိုသာမက ဖုန်းကိုပါ
စွန်ပစ်ပါ။
သင့်ဖုန်းက သင့်ကိုပြန်စောင့်ကြည့် နားထောင်နိုင်ပါတယ်
သင်ဖုန်းသုံးမနေတဲ့ အချိန်မှာတောင် တခြားသူတွေက လက်ကိုင်ဖုန်းတွေကို အသံဖမ်းစက်အဖြစ်
အသုံးပြုပြီး သင်ဖုန်းနဲ့ဘာတွေပြောတယ်ဆိုတာကို နားထောင်နိုင်ပါတယ်။ ဥပမာအားဖြင့် သင်
သူငယ်ချင်းတွေနဲ့ တွေ့ဆုံနေတယ် သင်တို့ဖုန်းတွေက ရှေ့ကစားပွဲပေါ်မှာရှိနေတယ်ဆိုရင်
သင်နဲ့ သူငယ်ချင်းတွေ ဘာတွေပြောတယ်ဆိုတာကို အသံဖမ်းမှတ်တမ်းတင်ဖို့အတွက်
အဲဒီဖုန်းတွေကို သုံးနိုင်ပါတယ်။ ဖုန်းပိတ်ထားရုံနဲ့မလုံလောက် တဲ့အတွက် အဲဒီလိုစောင့်ကြည့်
နားထောင်အသံဖမ်း မှတ်တမ်းတင်တာကို ကာကွယ်ဖို့ တခုတည်းသောနည်းလမ်းက ဖုန်းထဲက
ဓါတ်ခဲကိုထုတ်ထားဖို့ပဲ ဖြစ်ပါတယ်။ သင့်လက်ကိုင်ဖုန်းနဲ့ ဖုန်းကဒ်က သင်ဘယ်သူလဲဆိုတာဖော်ထုတ်နိုင်ပါတယ်
သင်ဘယ်သူလဲဆိုတာ ဖုန်းကနေတဆင့်ဖော်ထုတ်သိရှိတာကိုကာကွယ်ချင်ရင်
ဖုန်းကဒ်ပြောင်းရုံနဲ့ မလုံလောက်ပါဘူး။ ဖုန်းတိုင်းမှာထူးခြားတဲ့နံပါတ်တွေရှိပါတယ်။ အဲဒီအတွက်
လုံခြုံစိတ်ချချင်ရင် ဖုန်းကဒ်ပြောင်းသုံးရုံတင်မဟုတ်ပဲဖုန်းကိုပါ ပြောင်းသုံးရမှာဖြစ်ပါတယ်။
သင့်လက်ကိုင်ဖုန်းနဲ့ ဖုန်းကဒ်က သင်ဘယ်သူလဲဆိုတာဖော်ထုတ်နိုင်ပါတယ်။ဖုန်းလက်ခံစကားပြောတာပဲဖြစ်ဖြစ်၊
ကိုယ်ကဖုန်းခေါ်တာပဲဖြစ်ဖြစ်၊ မက်ဆေ့ခ်ျပို့တာပဲဖြစ်ဖြစ်၊အင်တာနက် သုံးတာပဲဖြစ်ဖြစ် ဒါမှမဟုတ်
ဘာမှသုံးမနေပဲအင်တာနက်နဲ့ချိတ်မိနေတာပဲဖြစ်ဖြစ် ဖုန်းကွန်ယက်နဲ့
ချိတ်ဆက်ထားတယ်ဆိုရင် ဖုန်းကဒ်အပြင်
ဖုန်းနဲ့ပတ်သက်တာတွေ စုံစမ်းသိရှိနိုင်ပါတယ်။
ဖုန်းကဒ်ကနေ သင်ဘယ်သူလဲဆိုတာ ဘယ်လိုမျိုးဖော်ထုတ်နိုင်တာလဲ
ဖုန်းဆင်မ်ကဒ် (subscriber identity module လို့ခေါ်တဲ့ ဖုန်းကဒ်) ထဲမှာ ဖုန်းကဒ်ပိုင်ရှင် (သင်) နဲ့
ပါတ်သက်တဲ့ အချက်အလက်တွေ သိမ်းဆည်းထားပါတယ်။ အဲဒီအချက်အလက်တွေက (ဖုန်းကဒ်
ဝယ်ချိန်မှာ သင်ပေးထားတဲ့ အချက်အလက်တွေဖြစ်ပြီး) သင့် ဖုန်းကုမ္ပဏီက သင်ဘယ်သူလဲ
ဆိုတာကိုခွဲခြားအသုံးပြုရာမှာ သုံးပါတယ်။
လက်ကိုင်ဖုန်းကနေ သင်ဘယ်သူလဲဆိုတာ ဘယ်လိုမျိုးဖော်ထုတ်နိုင်တာလဲ
ဖုန်းကဒ်ကနေတဆင့် သင်ဘယ်သူလဲဆိုတာကိုဖော်ထုတ်နိုင်တဲ့အပြင် လက်ကိုင်ဖုန်းကလဲ သင့်ကို
ဒုက္ခရောက်စေနိုင်ပါတယ်။ လက်ကိုင်ဖုန်းတိုင်းမှာ (theInternational Mobile EquipmentIdentity-IMEI
လို့ခေါ်တဲ့ နိုင်ငံတကာ လက်ကိုင်ဖုန်း ခွဲခြားသိရှိရေှးဆိုင်ရာ)
ထူးခြားတဲ့နံပါတ်တွေရှိပါတယ်။ အဲဒီ နံပါတ်ကတဆင့်
သင့်ကိုအချိန်မရွေး ခြေရာခံလို့ရပါတယ်။♫ ကွန်ပြူ တာ အယူအဆအမှားတွေ♫
ကွန်ပြူ တာ နဲ့ ပတ်သက်ပြီး နည်းလမ်းများစွာ ရှိပါတယ်။ အဲဒီအယူအဆ တွေထဲက အချို့
ဟာ မှားယွင်းနေပါတယ်။ အဲဒီအမှားတွေ ကို ရှောင်ရှားနိုင်တဲ့ နည်းလမ်းတွေကို ရေးပေးလိုက်ပါတယ်။
Default Installation ကို အသုံးပြုခြင်း
--------------------------------------
Freeware တွေဟာ အခမဲ့အသုံးပြုနိုင်တဲ့အတွက် အလွန်အသုံးဝင်ပါတယ်။ ဒါပေမယ့် Freeware အများစု မှာ
ကြော်ညာတွေ ပါရှိကြပြီး Ad-Ware လို့ ခေါ်တဲ့ ဆော့ဝဲ အပိုတွေကို ထည့်သွင်းပေးတတ်ကြပါတယ်။ အဲဒီ အပို
ဆော့ဝဲ တွေ ဟာ ကွန်ပြူ တာ ကို လေးလံစေပါတယ်။ အဲဒီအတွက် Freeware တစ်ခုကို အင်စတော လုပ်ပြီဆိုတိုင်း
Custom Installation ကို အသုံးပြုသင့်ပါတယ်။ Custom Installation ကို အသုံးပြုရင် Ad-Ware, Crapware ,
Browser Toolbar နဲ့ အခြား ဆော့ဝဲ တွေကို အင်စတော လုပ်ခြင်း မှ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။
Registry ရှင်းလင်းခြင်း
------------------------
Registry ရှင်းလင်းခြင်း ဟာ ကွန်ပြူ တာ ကို မြန်ဆန်စေတယ်လို့ ယူဆနေကြပါတယ်။ အဲဒီ အယူအဆ ဟာ မှားယွင်း
ပါတယ်။ Windows Registry ဟာ Windows နဲ့ Applications တွေရဲ့ Settings တွေကို သိမ်းမှတ်ထားတဲ့ Database
ဖြစ်ပါတယ်။ Windows Registry မှာ Entry ပေါင်း သိန်းဂဏန်း ရှိပါတယ်။ ဆော့ဝဲ တစ်ချို့ကို Uninstall လုပ်လိုက်တဲ့
အခါမှာ Registry မှာ Entry အနည်းငယ် ကျန်ရှိတတ်ပါတယ်။ အဲဒီ Entry အနည်းငယ် ကို ရှင်းလင်းခြင်းဟာ ကွန်ပြူတာ
ကို သိသာစွာ လျှင်မြန်လာစေမှာ မဟုတ်ပါဘူး။ အခြား Registry Entry တွေကို မှားယွင်း ရှင်းလင်း မိတတ်ပြီး မလိုလား
အပ်တဲ့ Error တွေ ဖြစ်တတ်ပါတယ်။ ဆော့ဝဲ Company တွေက သူတို့ရဲ့ Registry Cleaner တွေ ရောင်းကောင်းအောင်
လိမ်လည်ကြော်ညာနေကြတာဖြစ်ပါတယ်။
Disk Defragmentation မကြာခဏ ပြုလုပ်ခြင်း
------------------------------------------------
Windows က Drive တွေကို နောက်ကွယ်မှာ အလိုအလျှောက် Defragment ပြုလုပ်ပေးတဲ့အတွက် ကိုယ်တိုင် Defragment
ပြုလုပ်စရာမလိုပါဘူး။ Fragmented ဖြစ်တဲ့ နှုန်းဟာ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်း အတွင်းမှာ ရှိလာမှသာ ကိုယ်တိုင်
Defragment ပြုလုပ်သင့်ပါတယ်။ Magnetic Hard Drive (HDD) များမှာသာ Defragment ပြုလုပ်စရာလိုပါတယ်။ Solid
State Drive (SSD) များမှာ Defragment ပြုလုပ်စရာမလိုပါဘူး။
ကွန်ပြူ တာ ကို Restart မပြုလုပ်ခြင်း
-------------------------------------
ကွန်ပြူ တာမှာ ပြဿသာနာခုတက်ရင် ပထမဆုံး Restart ပြုလုပ်ပြီး ပြဿနာ ပြေလည်သွားပြီလားဆိုတာ စစ်ဆေးသင့်ပါ
တယ်။ Reboot ပြုလုပ်ခြင်းဖြင့် ပြဿနာများစွာ ကို ပြေလည်စေပါတယ်။ Reboot ပြုလုပ်ခြင်းဖြင့် ကွန်ပြူတာ နှေးကွေးစွာ
အလုပ်လုပ်ခြင်း၊ Program တွေက Memory ကို အလွန်အကျွံအသုံးပြုခြင်း ၊ အင်တာနက် နဲ့ WiFi ချိတ်ဆက်မရခြင်း ၊
Windows Blue Screen of Death ပြဿနာဖြစ်ခြင်း စတာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။
Data များကို Back Up မပြုလုပ်ခြင်း
-----------------------------------
ဒေတာ ဆုံးရှုံးမှုဖြစ်စေတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ အဖြစ်အများဆုံး က မှားယွင်းဖျက်မိခြင်း၊ Hard Disk ပျက်ဆီးခြင်း၊
Viruses နဲ့ သင့်တော်စွာ Shutdown မပြုလုပ်ခြင်း တို့ ဖြစ်ပါတယ်။ အဲဒီအတွက် အရေးကြီးတဲ့ ဖိုင်တွေကို အမြဲတစ်စေ Back
Up ပြုလုပ်ထားသင့်ပါတယ်။ ဒေတာတွေကို Back Up ပြုလုပ်နိုင်တဲ့ နည်းလမ်းများစွာ ရှိပါတယ်။ External Hard Drive မှာ Back
Up ပြုလုပ်ခြင်း၊ Cloud Storage မှာ Back Up ပြုလုပ်ခြင်း ၊ Network Drive အသုံးပြုခြင်း တို့ ဖြစ်ပါတယ်။ Windows 7 မှာ ဒေ
တာတွေကို Back Up , Restore ပြုလုပ်နိုင်တဲ့ စွမ်းဆောင်ချက်ပါရှိပါတယ်။ Windows 8 မှာ Time Machine Back Up စွမ်းဆောင်
ချက်ပါရှိပါတယ်။
Windows OS နဲ့ အခြား ဆော့ဝဲတွေကို Update မပြုလုပ်ခြင်း
--------------------------------------------------------------
Developer တွေက Updates တွေပြုလုပ်ပေးရတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ အဓိက အကြောင်းအချက်တွေက စွမ်း
ဆောင်ချက် အသစ်တွေကို ထည့်သွင်းပေးဖို့၊ အမှားတွေကို ပြင်ဆင်ဖို့၊ လုံခြုံရေး ဟာကွက်တွေကို ဖာထေးပေးဖို့ နဲ့ System ကို
ပိုမိုလုံခြုံစေဖို့ ဖြစ်ပါတယ်။
Control Panel>System and Security> Windows Update မှာ Windows Update တွေကို ရယူနိုင်ပါတယ်။ Windows
Update တွေကို အလိုအလျှောက် Download ရယူပြီး အင်စတော လုပ်ဖို့ ကို Windows Update ရဲ့ Settings ထဲမှာ သတ်မှတ်
ထားနိုင်ပါတယ်။
Antivirus ကိုလည်း အမြဲတစ်စေ Update ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ Antivirus Company တွေက Virus အသစ်တွေကို
ကာကွယ်ဖို့ Virus Database တွေကို နေ့စဉ် Update ပြုလုပ်ပေးလေ့ရှိပါတယ်။
ကွန်ပြူတာနည်းပညာနယ်ပယ် ဟာ ကျယ်ပြန့်တဲ့အတွက် မှားယွင်းတဲ့ အယူအဆတွေကို လက်ခံကျင့်သုံးနေသူတွေ အများကြီး
ရှိပါတယ်။ အပေါ်မှာ ဖော်ပြထားတဲ့ အယူအဆမှားတွေကို သိရှိပြီး ရှောင်ရှားနိုင်ဖို့ ရေးသားပေးလိုက်ပါတယ်။
♫ Telenorအချင်းချင်းပိုက်ဆံ(ငွေ)လွှဲခြင်း♫
နည်းကတော့ (၂)နည်းရှိတယ်….
E-Load နဲ့ Balance TransferE-Loadကတော့ဆိုင်သမားတွေပဲအကျုံးဝင်ပါတယ်….
E-Load နဲ့ Balance TransferE-Loadကတော့ဆိုင်သမားတွေပဲအကျုံးဝင်ပါတယ်….
အခုကျွန်တော် Telenor’s Userအချင်းချင်းလွှဲတဲ့ Balance Transferနည်းကိုပြောပြမယ်…..
၁။ Key Padကနေ *979#ကိုနှိပ်ပါ….
၂။ ပေါ်လာတဲ့ Box မှာ 2.My Offers ဆိုတဲ့ “2”လို့ရိုက်ပါ…… OKနှိပ်ပါ….
၃။ ပေါ်လာတဲ့ Box မှာ 4.Balance Transferဆိုတဲ့ “4”လို့ရိုက်ပါ….. OKနှိပ်ပါ….
၎။ ပေါ်လာတဲ့ Box ထဲမှာ ဖုန်းနံပါတ်(0965xxxxxxx)ထည့်ပါ…. OKနှိပ်ပါ….
၅။ ပေါ်လာတဲ့ Box မှာ လွှဲမယ့်ငွေပမာဏထည့်ပါ….. OKနှိပ်ပါ…..
၆။ နောက်ထပ် Box မှာ 1.Comfirmဆိုတဲ့ “1”ကိုရိုက်ပါ…. OK…..ငွေလွှဲပြီးပါပြီ….ငွေလွှဲခက ၁၀၀၀ကျပ်ကို ၅၀ကျပ်ကျပါမယ်…Telenorသုံးရင်းအဆင်ပြေကြပါစေ….
Facebook Log Out လုပ်ဖို့ မေ့ခဲ့ရင်
Facebook Log Out လုပ်ဖို့ မေ့ခဲ့ရင်
======================
အင်တာနက်ဆိုင်တွေ ဒါမှမဟုတ် တခြားကွန်ပျူ တာတွေမှာ ကိုယ့် Facebook အကောင့်ထဲကိုဝင်ပြီး ပြန်ထွက်ဖို့ မေ့နေတာမျိုး ဖြစ်တတ်ကြမှာပါ။
အကောင့်ပါသွားရတဲ့ အကြောင်းရင်းတွေထဲမှာ ဒီတစ်ချက်ကလည်း အဖြစ်များတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ဒီလိုမျိုး ပြန်ထွက်ဖို့ မေ့ခဲ့မှန်းသိပြီဆိုရင်တော့ သင့်အနေနဲ့ စိုးရိမ်စရာ မလိုတော့ပါဘူး။
အခုဖော်ပြပေးမယ့် လုပ်ဆောင်ပုံ အဆင့်ဆင့်အတိုင်း လုပ်ဆောင်လိုက်ရင် ကိုယ့်ကွန်ပျူ တာကနေပဲ အလွယ်တကူ ပြန်ထွက်နိုင်မှာဖြစ်ပါတယ်။
ပထမဆုံး သင့်အကောင့်ထဲကို Log In ဝင်လိုက်ပါ။
ဘယ်နေရာက ဘယ်ကွန်ပျူ တာပဲ ဖြစ်ဖြစ် အရေးမကြီးပါဘူး။
ပြီးရင် ညာဘက် အပေါ်ထောင့်က စက်သွားလေးကို နှိပ်လိုက်ရင် Menu လေးတစ်ခု ကျလာပါလိမ့်မယ်။
အဲ့ထဲက Account Setting ကိုသွားပါ။
ထို့နောက် ဘယ်ဘက် အပေါ်နားလေးမှာရှိတဲ့ Security ဆိုတာလေးကို ရွေးလိုက်ပါ။
ပြီးရင် ပေါ်လာတဲ့ထဲက အောက်ဆုံးနားမှာ ရှိတဲ့ Active Sessions ထဲကို ဝင်လိုက်ပါ။
အဲ့ဒီမှာ သင် Log In ဝင်ထားသမျှ နေရာတွေနဲ့ စာရင်းကို တွေ့ရပါလိမ့်မယ်။
End Activity ဒါမှမဟုတ် End All Activity ကို နှိပ်လိုက်မယ် ဆိုရင် သင်ဝင်ထားသမျှ စက်တွေအားလုံးမှာ Log Out လုပ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။
======================
အကောင့်ပါသွားရတဲ့ အကြောင်းရင်းတွေထဲမှာ ဒီတစ်ချက်ကလည်း အဖြစ်များတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ဒီလိုမျိုး ပြန်ထွက်ဖို့ မေ့ခဲ့မှန်းသိပြီဆိုရင်တော့ သင့်အနေနဲ့ စိုးရိမ်စရာ မလိုတော့ပါဘူး။
အခုဖော်ပြပေးမယ့် လုပ်ဆောင်ပုံ အဆင့်ဆင့်အတိုင်း လုပ်ဆောင်လိုက်ရင် ကိုယ့်ကွန်ပျူ တာကနေပဲ အလွယ်တကူ ပြန်ထွက်နိုင်မှာဖြစ်ပါတယ်။
ပထမဆုံး သင့်အကောင့်ထဲကို Log In ဝင်လိုက်ပါ။
ဘယ်နေရာက ဘယ်ကွန်ပျူ တာပဲ ဖြစ်ဖြစ် အရေးမကြီးပါဘူး။
ပြီးရင် ညာဘက် အပေါ်ထောင့်က စက်သွားလေးကို နှိပ်လိုက်ရင် Menu လေးတစ်ခု ကျလာပါလိမ့်မယ်။
အဲ့ထဲက Account Setting ကိုသွားပါ။
ထို့နောက် ဘယ်ဘက် အပေါ်နားလေးမှာရှိတဲ့ Security ဆိုတာလေးကို ရွေးလိုက်ပါ။
ပြီးရင် ပေါ်လာတဲ့ထဲက အောက်ဆုံးနားမှာ ရှိတဲ့ Active Sessions ထဲကို ဝင်လိုက်ပါ။
အဲ့ဒီမှာ သင် Log In ဝင်ထားသမျှ နေရာတွေနဲ့ စာရင်းကို တွေ့ရပါလိမ့်မယ်။
End Activity ဒါမှမဟုတ် End All Activity ကို နှိပ်လိုက်မယ် ဆိုရင် သင်ဝင်ထားသမျှ စက်တွေအားလုံးမှာ Log Out လုပ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။
ကွန်ပျူ တာကို မဟန်းအောင် ဘာတွေ လုပ်ရမလဲ
(၁) Window + R ကို တွဲပြီး နှိပ်ပါ။ ပေါ်လာတဲ့ အကွက်ထဲမှာ recent ကိုနှိပ်ပါ။ ပေါ်လာတဲ့ စာတွေ
အားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။
(၂) Window + R ကို တွဲပြီးနှိပ် တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ temp နှိပ်ပါ။ ပေါ်လာတဲ့ စာတွေ
အားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။
(၃) Window + R ကို တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ prefetch နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံး
ကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။
(၄) Window + R ကို တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ %temp% နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအား
လုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။ နေ့တိုင်းမလုပ်နိုင်ဘူးဆိုရင် တစ်
ပတ်မှာ သုံးကြိမ် လေးကြိမ်လောက် လုပ်ပေးပါက စက် ဟန်းခြင်းကို သက်သာပါလိမ့်မယ်။
★★ ကွန်ပြူ တာအခြေခံအဆင့်မှသည် ကျွမ်းကျင်အဆင့်ဆီသို့ (ကွန်ပြူ တာသင်တန်း) ★★
ကိုညီနေမင်း (နည်းပညာ) နှင့် ရန်ကုန်သား (နည်းပညာမြို့တော်) တို့မှ ဦးစီးသင်ကြားပေးမည်ဖြစ်ပြီး
သင်တန်းကာလမှာ (4) လမှ (5) လထိကြာမြင့်မည်ဖြစ်သည်။သင်တန်းသားများအား ပညာအရည်အချင်း
နှင့်ပတ်သက်ပြီး ကန့်သက်ထားခြင်းမရှိပါ။ ယခုသင်တန်းသည် ထိုင်းနိုင်ငံအတွင်းရှိ (မြန်မာရွေ့ပြောင်း) အလုပ်သမားများအတွက်သာဖြစ်ပါသည်။ ထိုင်းနိုင်ငံအတွင်း မည်သည့်နေရာကမဆို စိတ်ဝင်စားပါက
အောက်ပါလိပ်စာအတိုင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။ သင်တန်းတွင်သင်ကြားပေးမည့်ဘာသာရပ်
များကိုအောက်မှာ ရေးပေးထားပါတယ်။
1 - Basic
(A). OS /Computer
(B). Control Panel
(C). Essential Program & Application
2 - Internet (အသုံးပြုနည်း)
(A). Facebook
(B). Email
(C). Chat Program
3 - DTP (စာစီစာရိုက်)
(A). Pagemaker & Indesign
(B). Office
1. Word
2. Excel
3. Power Point
4 - Graphic Design
(A). Photoshop
(ဓါတ်ပုံပြုပြင် ၊ လိပ်စာကဒ် ၊ ဖိတ်စာကဒ် ၊ မွေးနေ့ဖိတ်စာ)အခြားအထွေထွေ ဒီဇိုင်းရေးဆွဲနည်း
5 - Video Editing
အခြေခံ(ဗီဒီယိုတည်းဖြတ်နှင့် ကာလာအိုကေစာတန်းထိုး)
6 - ၀င်းဒိုးတင်နည်း
Driver သွင်းနည်း/ရှာနည်း
Windows နှင့်ပတ်သက်သမျှ
သင်တန်းသားများ၏ အလုပ်ပိတ်ရက်ကိုလိုက်ပြီး သင်တန်းပို့ချမည်ဖြစ်ပါသည်။ သင်တန်းငွေကြေးနှင့်
အထက်ပါအချက်အလက်များအား ရှင်းလင်းမှုမရှိပါက အသေးစိတ်ဆွေးနွေးနိုင်ရန် အောက်ပါလိပ်စာ
အတိုင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာ...။
ဆက်သွယ်ရန်...
ရန်ကုန်သား (ထိုင်း) 0831118534
ညီနေမင်း (ထိုင်း) 0947463414
Email & Gtalk - mr.yangonthar2011@gmail.com
Skype - yangonthar11 (+66831118534)
Viber - yangonthar(+66831118534)
သင်တန်းကာလမှာ (4) လမှ (5) လထိကြာမြင့်မည်ဖြစ်သည်။သင်တန်းသားများအား ပညာအရည်အချင်း
နှင့်ပတ်သက်ပြီး ကန့်သက်ထားခြင်းမရှိပါ။ ယခုသင်တန်းသည် ထိုင်းနိုင်ငံအတွင်းရှိ (မြန်မာရွေ့ပြောင်း) အလုပ်သမားများအတွက်သာဖြစ်ပါသည်။ ထိုင်းနိုင်ငံအတွင်း မည်သည့်နေရာကမဆို စိတ်ဝင်စားပါက
အောက်ပါလိပ်စာအတိုင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။ သင်တန်းတွင်သင်ကြားပေးမည့်ဘာသာရပ်
များကိုအောက်မှာ ရေးပေးထားပါတယ်။
1 - Basic
(A). OS /Computer
(B). Control Panel
(C). Essential Program & Application
2 - Internet (အသုံးပြုနည်း)
(A). Facebook
(B). Email
(C). Chat Program
3 - DTP (စာစီစာရိုက်)
(A). Pagemaker & Indesign
(B). Office
1. Word
2. Excel
3. Power Point
4 - Graphic Design
(A). Photoshop
(ဓါတ်ပုံပြုပြင် ၊ လိပ်စာကဒ် ၊ ဖိတ်စာကဒ် ၊ မွေးနေ့ဖိတ်စာ)အခြားအထွေထွေ ဒီဇိုင်းရေးဆွဲနည်း
5 - Video Editing
အခြေခံ(ဗီဒီယိုတည်းဖြတ်နှင့် ကာလာအိုကေစာတန်းထိုး)
6 - ၀င်းဒိုးတင်နည်း
Driver သွင်းနည်း/ရှာနည်း
Windows နှင့်ပတ်သက်သမျှ
သင်တန်းသားများ၏ အလုပ်ပိတ်ရက်ကိုလိုက်ပြီး သင်တန်းပို့ချမည်ဖြစ်ပါသည်။ သင်တန်းငွေကြေးနှင့်
အထက်ပါအချက်အလက်များအား ရှင်းလင်းမှုမရှိပါက အသေးစိတ်ဆွေးနွေးနိုင်ရန် အောက်ပါလိပ်စာ
အတိုင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာ...။
ဆက်သွယ်ရန်...
ရန်ကုန်သား (ထိုင်း) 0831118534
ညီနေမင်း (ထိုင်း) 0947463414
Email & Gtalk - mr.yangonthar2011@gmail.com
Skype - yangonthar11 (+66831118534)
Viber - yangonthar(+66831118534)
သင်သတိမထားမိသော Facebook ၏ အန္တရာယ်
လူအများစုဟာ Facebook ရဲ့ အန္တရာယ်ကို သတိမမူမိကြဘဲ ဒီလူမှုကွန်ရက်ဆိုက်ထဲမှာ သူတို့ရဲ့ Profile တွေကို ဖန်တီးခဲ့ကြပါတယ်... Facebook ဟာ ကမ္ဘာအနှံကလူတွေကို မိတ်ဆွေဟောင်းတွေနဲ့ပြန်ဆက်သွယ်နိုင်ဖို့... ပြီးတော့ မိတ်ဆွေသစ်တွေရရှိစေဖို့အတွက် ဆက်သွယ်ပေးတဲ့ ကြားခံစနစ်တစ်ခုအနေနဲ့ လုပ်ဆောင်ပေးနေပါတယ်... ဒါပေမဲ့ ဒီလူမှုကွန်ရက်ဆိုက်ဟာ အကျိုးကျေးဇူးတွေရှိနေသလို အန္တရာယ်တစ်ချို့နဲ့လည်း ဆက်နွယ်ပတ်သက်နေပါတယ်....
------------------------------------------------------------------
Facebook ၏ အန္တရာယ်များကို သိမြင်နားလည်ခြင်း
------------------------------------------------------------------
Facebook ရဲ့ အန္တရာယ်တွေကို သိမြင်နားလည်ထားခြင်းဖြင့် သင့်ကွန်ပျူတာနဲ့ သင့်ကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်... သင့်အနေနဲ့ ဒီလူမှုကွန်ရက်ဆိုက်ကို ရှောင်ကျဉ်နေစရာမလိုပါဘူး... လုံခြုံဘေးကင်းစွာရှိဖို့ ဘာတွေကိုလုပ်ရမယ်... ဘာတွေကိုမလုပ်ရဘူးဆိုတာ သိဖို့ပဲလိုပါတယ်...
------------------------------------------------------------------
သင့် Profile (သင်ဘာရေးသည်ကို ဂရုပြုပါ...)
------------------------------------------------------------------
အခုခေတ်အခါမှာ အလုပ်ရှင်တွေ... ကောလိပ်ဝင်ခွင့်လက်ခံမယ့်သူတွေဟာ လျှောက်လွှာရှင်တွေကို Facebook မှာရှာဖွေပြီး သူတို့ခန့်အပ်လက်ခံမယ့်သူတွေရဲ့အသေးစိတ်အချက်အလက်တွေ ရရှိအောင်လုပ်ဆောင်လေ့ရှိကြပါတယ်... အမြင်မတော်တဲ့ Profile တစ်ခု ဖန်တီးပြုလုပ်ထားမိတယ်ဆိုရင် သင့်ဘဝကိုအဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေကမြင်တွေ့ပြီး... သင့်အနာဂတ်အပေါ် ရိုက်ခတ်လာမှာသေချာပါတယ်....
အလုပ်ရှင်တွေ ကောလိပ်ဝင်ခွင့်လက်ခံမယ့်သူတွေ အမြင်မတင့်တယ်တာမျိုးမဖြစ်အောင် သင့်ကိုယ်သင် ပြသထားချင်တယ်ဆိုရင်တော့ သင့် profile ကို private ထားလိုက်ခြင်းဖြင့် သင်မြင်တွေ့စေချင်တဲ့သူတွေကပဲ မြင်တွေ့စေနိုင်ပါလိမ့်မယ်... နောက်တစ်နည်းကတော့ သင့်ရဲ့ profile ကို public လုပ်ပြီး သင်ဟာဘယ်လို အရည်အချင်းရှိတဲ့သူဖြစ်မှန်းသိသာအောင် ပြန်လည်ဖန်တီးယူထားရပါမယ်...
------------------------------------------------------------------
ပုဂ္ဂလိကအချက်အလက်တွေကို Private မှာပဲထားပါ...
------------------------------------------------------------------
တစ်ချို့လူတွေဟာ တခြားသူတွေနဲ့ Websites တွေကို အလွန်အကျွံယုံကြည်တတ်ကြပါတယ်... သူတို့ရေးသားသမျှ ပုဂ္ဂလိကအချက်အလက်တွေကို လူပေါင်းသန်းနဲ့ချီတွေ့ရှိနိုင်ပြီး အဲ့လိုတွေ့နိုင်တဲ့သူတွေထဲမှာ ပစ်မှတ်သားကောင်ကိုရှာဖွေနေတဲ့ ဒုစရိုက်သမားတွေလည်း ပါဝင်နေတယ်ဆိုတဲ့အချက်ကို မေ့နေတတ်ကြပါတယ်... လူမှုကွန်ရက်ဆိုက်တွေဟာ ကိုယ်ရေးအချက်အလက် သူခိုးတွေအတွက် မွှေနှောက်ရှာဖွေစရာမြေပြင်အသစ်ဖြစ်နေတတ်ပါတယ်.... ဘာကြောင့်လဲဆိုတော့ တစ်ချို့လူတွေဟာ သူတို့ရဲ့ အချက်အလက် အမြောက်အမြားကို ရေးသားဖော်ပြထားကြတဲ့အတွက် အဲ့ဒီအချက်အလက်တွေကို အသုံးပြုကာ အဲ့ဒီလူအဖြစ် ပုံမှားရိုက်တာမျိုးတွေလုပ်ဆောင်လာနိုင်ပါတယ်... သင့်ရဲ့ကိုယ်ရေးအချက်အလက်တွေကို တစ်ယောက်ယောက်က ခိုးယူသွားပြီး အဖျက်လုပ်ငန်းတွေလုပ်ဆောင်လာနိုင်ပါတယ်... သင့်အကြွေးဝယ်ကတ်ကို အကုန်သုံးပစ်တာမျိုးဖြစ်နိုင်သလို သင့်နာမည်နဲ့ ရာဇဝတ်မှုတွေကျူးလွန်တာမျိုးအထိ ဖြစ်လာနိုင်ပါတယ်... ဒီအဖြစ်တွေဟာ နောင်အခါ သင်အလုပ်ရှာလို့မရနိုင်တဲ့အထိ အကျိုးသက်ရောင်မှု ရှိသွားစေနိုင်ပါတယ်... ဒါ့အပြင် ဒုစရိုက်သမားတွေ အကြမ်းဖက်သမားတွေဟာ Facebook လိုမျိုး လူမှုကွန်ရက်ဆိုက်တွေကို ရှာဖွေပြီး သူတိုအတွက် လက်ရှိပစ်မှတ်နဲ့ နောက်ထပ်ပစ်မှတ်တွေရဲ့ အချက်အလက်အသေးစိတ်ကို ရယူလေ့ရှိကြပါတယ်... အနုကြမ်းသမားတစ်ယောက်ဟာ သင့်အချက်အလက်တွေကို တွေ့ရှိခဲ့မယ်ဆိုရင် သင့် page မှာ သင်ဘာတွေရေးနေတယ်ဆိုတာကအစ လိုက်ကြည့်နေမှာဖြစ်ပြီး သင်အခု အိမ်မှာရှိနေသလား... အလုပ်ထဲမှာရှိနေသလားဆိုတာတွေကိုပါ ရှာဖွေဖော်ထုတ်တာမျိုးအထိ ဖြစ်လာနိုင်ပါတယ်...
------------------------------------------------------------------
သူစိမ်းဟာ သူစိမ်းပါပဲ..
------------------------------------------------------------------
သင်ဟာ လူတစ်ယောက်ကို ပထမဆုံးအကြိမ်အဖြစ် အပြင်မှာတွေ့တဲ့အခါ အဲ့ဒီလူဟာ ဘယ်လိုလူ... ဘာကိုလိုချင်နေတာလဲဆိုတာ သိဖို့ အတော်ခက်ခဲပါလိမ့်မယ်... online လောကမှာလည်း အတူတူပါပဲ... online လောကဆိုတာ သူတို့ရဲ့ဘဝကို အလွန်အကျွံပုံကြီးချဲ့ပျော်မွေ့နေတဲ့သူတွေ... ဒါမှမဟုတ် တကယ့်ဘဝနဲ့ လုံးဝကွဲပြားတဲ့ အခြေအနေတစ်ခုကို ဟန်ဆောင်ဖန်တီးထားတဲ့သူတွေအတွက်အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်... တကယ်လို့သင်ဟာ Facebook for online dating ကို အသုံးပြုဖို့ စိတ်ဝင်စားတယ်ဆိုရင် သင်ဘယ်သူနဲ့တွေ့ဆုံမယ်... ဘယ်လိုလူတွေကိုပြောဆိုနေတယ်ဆိုတာကို သတိပြုဖို့လိုပါမယ်... Facebook ရဲ့ ဒီအန္တရာယ်ကတော့ သင့်ကို စိတ်ခံစားမှုအရှုပ်အထွေးတစ်ခုထဲမှာ နှောင်ဖွဲ့ခံသွားရစေနိုင်ပါတယ်... ဘာကြောင့်လဲဆိုတော့ သင်က တစ်စုံတစ်ယောက်ကို သင့်အတွက် ပြည့်စုံသင့်တော်တယ်လို့ ထင်ကောင်းထင်နေပါလိမ့်မယ်... ဒါပေမဲ့ သူ ဒါမှမဟုတ် သူမဟာ သင်ထင်သလိုမဟုတ်ကြောင်း တွေ့လာရပါလိမ့်မယ်...
------------------------------------------------------------------
ဆယ်ကျော်သက်ပစ်မှတ်ထားသူတွေကို သတိပြု...
------------------------------------------------------------------
ဆယ်ကျော်သက်ပစ်မှတ်ရှာသူတွေဟာ ဆယ်ကျော်သက် chat room တွေနဲ့ Facebook လိုမျိုး လူမှုကွန်ရက်ဆိုက်တွေမှာ ကျင်လည်တတ်ကြပါတယ်... အရွယ်ရောက်ပြီးဖြစ်တဲ့ အဲ့လိုလူတွေဟာ ဆယ်ကျော်သက်တွေ ဝင်လေ့ရှိတဲ့ဆိုက်တွေကို ရှာဖွေတတ်ပြီး သူတို့ကိုယ်သူတို့ ဆယ်ကျော်သက်ဟန်ဆောင်ပြီး ပြောဆိုရေးသားတတ်ကြပါတယ်... သူတို့ဟာ ဆယ်ကျော်သက်တွေကို သိအောင် ခင်မင်အောင်ပေါင်းမယ်... ပြီးရင် အပြင်မှာတွေ့ဖို့ ကြိုးစားကြပါလိမ့်မယ်.... များသောအားဖြင့်တော့ အဲဒီကလေးတွေရဲ့ အိမ်မှာ မိဘတွေမရှိတဲ့အချိန်မျိုးကို စီစဉ်တတ်ကြပါတယ်... ဒီလိုအဖြစ်မျိုးဟာ မိဘတွေအတွက် တုန်လှုပ်စရာသတင်းဆိုးတွေပါပဲ... ဒါပေမဲ့ အဲ့ဒီလိုမဖြစ်အောင်လည်း စီမံလို့ရပါတယ်... သင့်ကလေးတွေ... ဆယ်ကျော်သက်တွေရဲ့ အင်တာနက်အသုံးပြုမှုကို စောင့်ကြည့်ဖို့လိုပါမယ်... သူတို့မှာ Facebook account ရှိမယ်ဆိုရင် သူတို့ရဲ့ profile ကို သင်ကြည့်ချင်တဲ့အချိန် ဝင်ကြည့်နိုင်အောင် ရှင်းလင်းထားခိုင်းရပါမယ်... သင့်ကလေးတွေ ဝင်မကြည့်နိုင်အောင် တစ်ချို့ဆိုက်တွေကိုလည်း block လုပ်ထားဖို့ လိုပါလိမ့်မယ်....
------------------------------------------------------------------
Facebook မှ ကွန်ပျူတာ Virus များကို download ပြုလုပ်မိခြင်း
------------------------------------------------------------------
Red Herring The Business of Technology (http://www.redherring.com/?s=The+Business+of+Technology) ရဲ့ အဆိုအရ လူမှုကွန်ရက်ဆိုက်တွေမှာ အသုံးပြုနေတဲ့သူတွေရဲ့ ခန့်မှန်း ၈၃ ရာခိုင်နှုန်းဟာ တခြားလူတွေရဲ့ profile ကနေ download လုပ်ကြတယ်လို့ သိရပါတယ်... တကယ်တော့ ဒီဖိုင်တွေဟာ အရင်းအမြစ်မသိတဲ့နေရာက လာကြတာဖြစ်ပြီး တစ်ချို့ဆိုရင် သင့်ကွန်ပျူတာကို ပျက်စီးစေမယ့် ဒါမှမဟုတ် သင်နဲ့ သက်ဆိုင်တဲ့ ပုဂ္ဂလိကအချက်အလက်တွေကို စုဆောင်းရယူမယ့် virus တွေ တောင်ပါနေတတ်ပါတယ်... ပထမအဆင့်အနေနဲ့ ကာကွယ်ရမယ့်နည်းလမ်းကတော့ သင်တကယ်ယုံကြည်ရတဲ့သူတွေဆီကပဲ download ချဖို့ဖြစ်ပါတယ်... နောက်တစ်ချက်အနေနဲ့ သင့်ရဲ့ antivirus software ကို အမြဲ up to date ဖြစ်ဖို့နဲ့ online ပေါ်တက်တိုင်း ဖွင့်ထားဖို့ဖြစ်ပါတယ်...
------------------------------------------------------------------
အင်တာနက်စွဲလမ်းမှုပြဿနာ
------------------------------------------------------------------
လူမှုကွန်ရက်ဆိုက်တွေဟာ စိတ်ပျော်ရွှင်မှုနဲ့ စွဲလမ်းမှုကို ဖြစ်စေပါတယ်... မိတ်ဆွေသစ်တွေရမယ်... မိတ်ဆွေဟောင်းတွေနဲ့ ပြန်ဆုံမယ်... ပြီးတော့ စိတ်ဝင်စားစရာနေရာတွေကို နေ့စဉ် နာရီပေါင်းများစွာ လှည့်လည်လေ့လာနေလို့ရပါတယ်... အဲ့ဒီလိုနေရင်းနဲ့ သင့်ရဲ့ အလုပ်စွမ်းဆောင်ရည်တွေကျဆင်းလာတာကို စတင်သတိပြုမိကောင်းပြုမိလာပါလိမ့်မယ်... ဒါမှမဟုတ် အလုပ်မှာ ဒီလိုဆိုက်တွေကို အသုံးပြုခြင်းကြောင့် သင်အလုပ်လည်း ပြုတ်သွားနိုင်ပါတယ်.... နောက်တစ်ခုက သင်ကကျောင်းသားဆိုရင် စာကျက်တာတွေ... အတန်းတက်တာတွေထက် Facebook မှာ အချိန်ကုန်နေတာက ပိုများနေပါလိမ့်မယ်... အဲ့ဒီအကျိုးဆက်ကြောင့် အမှတ်နည်းတာ... အဆင့်ကျလာတာကိုလည်း ကြုံရလာပါမယ်... Facebook ဟာ သင့်ရဲ့ဘဝကို စပြီး အနှောင့်အယှက်ပေးနေပြီဆိုရင် သင့်မှာ အင်တာနက်စွဲလမ်းမှု တော်တော်ဖြစ်နေပါပြီ... ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့ ဘာအကြောင်းကြောင့်ပဲ အင်တာနက်သုံးသုံး... သုံးဖြစ်တဲ့အချိန်တိုင်း ကိုယ့်ဘာသာပြန်သုံးသပ်ကြည့်ဖို့လိုပါလိမ့်မယ်... အချိန်အပိုင်းအခြားတစ်ခုကြာတိုင်း ပုံမှန်နားပေးရပါမယ်... အလုပ်မလုပ်ဘဲ online တက်လိုက်ဦးမယ်လို့ စိတ်ကူးမယ့်အစား... အလုပ်တစ်ခုပြီးမှ ဆုပေးတဲ့အနေနဲ့ စသုံးတာမျိုးဖြစ်အောင် လုပ်သင့်ပါတယ်... ဒါမှမဟုတ်ရင်တော့ သင့်ကိုယ်သင်ထိန်းချုပ်နိုင်တဲ့ အချိန်ရောက်တဲ့အထိ တစ်ယောက်ယောက်ကို သင် Facebook ထဲ မဝင်နိုင်အောင် block လုပ်ပေးဖို့ အကူအညီတောင်းသင့်ပါတယ်... ဥပမာ password ပြောင်းခိုင်းပြီး ကိုယ့်ကိုပြန်မပြောဘဲ ထားလိုက်တာမျိုးလည်း လုပ်နိုင်ပါတယ်...
------------------------------------------------------------------
Facebook အန္တရာယ် ကင်းစေဖို့...
------------------------------------------------------------------
Facebook အန္တရာယ်ဆိုတာ သင့်ကို ဒီလူမှုကွန်ရက်ဆိုက်ကို အသုံးပြုတာ ရပ်တန့်လိုက်ဖို့ အကြောင်းပြချက်တွေမဟုတ်ပါဘူး...ဘာကြောင့်လဲဆိုတော့ ဒီလိုအသုံးပြုတာကလည်း သင့်အတွက် အကျိုးအမြတ်ရရှိစေနိုင်လို့ပါပဲ... သင့်အနေနဲ့ အလုပ် ဒါမှမဟုတ် စာသင်ကြားမှုအတွက် အထောက်အပံ့အကျိုးအမြတ်ရနိုင်ဖို့လည်း သုံးနိုင်ပါတယ်... သက်တောင့်သက်သာအေးအေးလူလူနဲ့လည်း သုံးနိုင်ပါတယ်...သင့်အနေနဲ့သတိပြုဖို့လိုတာက သင်ဘယ်လိုအသုံးပြုနေတာလဲ..... ပြီးတော့ သတင်းအချက်အလက်တွေကို သင်ဘယ်လောက်ရေးသားခဲ့သလဲ... ဘယ်လောက်ရယူအသုံးပြုခဲ့လဲဆိုတာတွေပါပဲ... online ဆိုတာကလည်း အပြင်လောကအတိုင်းပါပဲ... လူတိုင်းကိုမယုံကြည်ဖို့နဲ့ သံသယရှိတဲ့သူတွေကို စောင့်ကြည့်ဖို့လိုပါတယ်... သင့်အနေနဲ့ ဒီအကြံပြုချက်လေးတွေကို သတိပြုလိုက်နာမယ်ဆိုရင် Facebook ကို သောကကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင်အသုံးပြုနိုင်မှာသေချာပါတယ်....
Subscribe to:
Posts
(
Atom
)


