Ordered List

Text Widget

Text Widget

Total Pageviews

57,660

Navigation-Menus (Do Not Edit Here!)

Unordered List


free website counter html code

Recent Posts

Theme Support

Recent Posts

Pages

Powered by Blogger.

Popular Posts

Blog Archive

Followers

Blog Archive

Popular Posts

အလည် လာသွားသူများ


widgets

Apple ID Activate ပြသာနာ ဖြေရှင်းနည်း

No comments


သင့်ရဲ့ လက်ထဲမှာမူလပိုင်ရှင်ရဲ့ Apple ID ကို မသိလို့ Activate လုပ်မရတဲ့ iPhone တစ်လုံးရှိနေပါသလား..?

မိမိရဲ့ Apple ID ကို ကိုယ်တိုင်မေ့သွားလို့ Activate လုပ်မရတော့ဘူးလား..?
တန်ဖိုးကြီးကြီးပေးထားရတဲ့ Apple iDevice ကို အရုပ်တစ်ရုပ်လို မှန်ဗီရိုထဲမှာပဲ အပြီးအပိုင် အလှ ပြထားရတော့မှာလား...?


စသော စသော Activation ပြဿနာတွေကြောင့် အိပ်ပျော်နေတဲ့ iDevice လေးတွေကို နှိုးလိုက်ကြရအောင်....

အမည်မဖော်ပြလိုတဲ့ Hacker တစ်ယောက်ရဲ့ ရိုက်ချက်က Apple ကို ဆတ်ဆတ်ခါအောင် အသဲခိုက်သွားစေပါတယ်။

iDevice တွေရဲ့ လုံခြုံရေးကို ခေါင်းစဉ်တင်ပြီး iOS 7 က စတင်၍ iCloud ကို အသုံးပြုပြီး Apple ID နဲ့ ထိန်းချုပ်ထားခဲ့တဲ့ Activation system ကို ကျော်ဖြတ်နိုင်တဲ့ exploit (ဆေးထိုး) ခံလိုက်ရပါတယ်။

Apple က ဒါကို သိလိုက်တဲ့ အချိန်မှာ နောက်ကျသွားခဲ့ပါပြီ၊ အဆိုပါ Hacker ကို ဆက်သွယ် ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် သူကတော့ သူ့လမ်းပဲ သူဆက်လျှောက်မယ့် သဘော ဖြစ်ပါတယ်။

iDevice ကို USB ကြိုးနဲ့သွယ်ပြီး PC နဲ့ ချိပ်ဆက်လိုက်တာနဲ့ Activation ကို ကျော်ဖို့ iDevice ကို လှည့်ဖြားလိုက်တဲ့ သူ့ရဲ့ နည်းပညာက ကြီးကြီးမားမား software တွေ သုံးရတာမျိုး မဟုတ်ပါဘူး။

"စာကြောင်းလေး တစ်ကြောင်း" ကို မိမိ PC ရဲ့ 'host' file မှာ သွင်းပေးလိုက်ရုံနဲ့တင် Activation ကျော်သွားအောင် လုပ်ထားတဲ့ နည်းပညာက user တွေအတွက် အခက်အခဲ မရှိအောင် ရိုးရှင်းပါတယ်။

iDevice များ အားလုံးအတွက် လုပ်ပေးနိုင်ပေမယ့် GSM iPad's, iPhone 4S, iPhone 5 (c) (s) တို့ကတော့ Beta Testing အဆင့်မှာပဲ ရှိနေပါသေးတယ်။

>> လုပ်ငန်းစဉ် <<

လိုအပ်ချက် - iDevice နှင့် PC နှစ်ခုလုံးတွင် connection Online ဖြစ်ရပါမည်။

၁) iDevice ကို WiFi နှင့်ချိပ်ဆက်ပြီး Activation နေရာထိ သွားပါ။

၂) PC ၏ Web Browser မှနေ၍ DoulCi.net ကိုသွားပါ။

၃) " ***.***.*.**.albert.apple.com " ပါသော IP address စာသားကို Copy ယူပါ။

၎) လမ်းကြောင်းရှိ 'host' file တွင် Paste လုပ်ပြီး save လုပ်ပါ။
C:\Windows\System32\drivers\etc\hosts (Windows)
/private/etc/hosts (Mac)

၅) iDevice ကို Unplug လုပ်ပါ။ ပြီးမှ PC နှင့် ပြန်ချိပ်ပါ။

၆) iTunes မှ pop-up message တက်လာပါက 'Continue' ကို နှိပ်ပါ။

Activation အဆင့်ကို ကျော်သွားနိုင်ပါပြီ...

မှတ်ချက်။ ။

အဆင့် (၃) အတွက် ရှာမတွေ့ပါက ( 197.153.9.35.albert.apple.com ), (188.226.251.76 albert.apple.com) တို့ကို အသုံးပြုနိုင်ပါတယ် (မသေချာပါ)...

DoulCi Server address က အမြဲပြောင်းလဲလျှက်ရှိပါတယ်၊ ဒါကြောင့် IP address မတွေ့သူများ နာရီဝက်ခြား တစ်ခါလောက် အမြဲစစ်ဆေးနေသင့်ပါတယ်။ (သို့မဟုတ်) DoulCi Team အဖွဲ့ဝင်များဖြစ်ကြသော @MerrukTechnolog, @AquaXetine တို့ရဲ့ Twitter တွင် သွားရောက် ဆက်သွယ်နိုင်ပါတယ်။

No comments :

Post a Comment