Ordered List

Text Widget

Text Widget

Total Pageviews

57,660

Navigation-Menus (Do Not Edit Here!)

Unordered List


free website counter html code

Recent Posts

Theme Support

Recent Posts

Pages

Powered by Blogger.

Popular Posts

Blog Archive

Followers

Blog Archive

Popular Posts

အလည် လာသွားသူများ


widgets

ဂူဂဲလ်ဘာသာပြန်မှာ မြန်မာစာလည်း ရပြီ

No comments
ဂူဂဲလ်မှာ မြန်မာနဲ့ပတ်သက်ပြီး ဘာသာပြန်လို့ ရပါပြီ။ ဒီဇင်ဘာလ ၁၁ ရက်နေ့က ဂူဂဲလ်ဘာသာပြန် ဘလော့ဂ်မှာ ဂူဂဲလ်ဘာသာပြန်အင်ဂျင်နီယာအသင်းက သတင်းထုတ်ပြန်သွားခဲ့ပါတယ်။






ဂူဂဲလ်ဟာ ဘာသာစကားပေါင်း ၉၀ ခုကို ဘာသာပြန်တဲ့ စနစ်ထည့်သွင်းထားခဲ့ပြီး အခုဆို နောက်ထပ် ဘာသာစကား ၁၀ ခုကို ထပ်တိုးလာခဲ့ရာ မြန်မာဘာသာက တခုပါဝင်လာလို့ မြန်မာဘာသာသို့ ဘာသာပြန် လိုတာ၊ ဒါမှမဟုတ် မြန်မာဘာသာက ဂူဂဲလ်မှာရှိတဲ့ အခြားဘာသာကို ဘာသာပြန်လိုတာတွေ အတွက် ယေဘူယျ အားဖြင့် အဆင်ပြေသွားပြီလို့ ဆိုရပါမယ်။

အခုထပ်တိုးလိုက်တဲ့ ဘာသာစကား ၁၀ ခုကတော့ မာလာဝီနဲ့ အနီးပတ်ဝန်းကျင်က လူပေါင်း ၁၂ သန်း
လောက် အသုံးပြုတဲ့ Chichewa ဘာသာ၊ မာဒါကာစကာက လူ ပေါင်း ၁၈ သန်းလောက် အသုံးပြုနေတဲ့ Malagasv ဘာသာ၊ တောင်အာဖရိကရှိ ဘာသာစကား ၁၁ ခုထဲက Lesotho က Sesotho ဘာသာ၊ အိန္ဒိယတိုက်ရဲ့ အဓိက ဘာသာစကား တခုဖြစ်ပြီး လူပေါင်း ၃၈ သန်းလောက် အသုံးပြုနေတဲ့ Malayalam ဘာသာ၊ လူပေါင်း ၃၃ သန်းကျော် အသုံးပြု နေတဲ့ မြန်မာ ( Myanmar)၊ သီရိလင်္ကာက လူပေါင်း ၁၆ သန်း လောက် အသုံးပြုနေတဲ့ Sinhala ၊ အင်ဒိုနီးရှား၊ ဂျာဗား ဘက်က လူပေါင်း ၃၉ သန်းကျော် အသုံးပြုနေတဲ့ Sundanese ဘာသာ၊ ကာဇစ်စတန်က လူပေါင်း ၁၁ သန်း အသုံးပြု နေတဲ့ Kazakh၊ တာဂျစ်ကစ္စတန်က လူ ၄ သန်း လောက်အသုံးပြုနေတဲ့ Tajik ၊ ဥဇဘက်ကစ္စတန်က လူပေါင်း ၂၅ သန်း
လောက် အသုံးပြုနေတဲ့ Uzbek ဘာသာဆိုတဲ့ ဘာသာစကား ၁၀ ခုကို ဂူဂဲလ်က ဘာသာပြန်ဝန်ဆောင်မှု အသစ်အဖြစ် ထပ်တိုးလိုက်တာပါ။

အခုလို မြန်မာဘာသာကို ဂူဂဲလ်မှာ တရားဝင် ဘာသာပြန်လို့ ရလာတာဟာ ထူးခြားတဲ့ ခြေလှမ်း တရပ် လည်းဖြစ်သလို မနှစ်တုန်းကလည်း ဂူဂဲလ်တာဝန်ရှိသူတွေ မြန်မာနိုင်ငံကို လာရောက်ဆွေးနွေးပြောဆိုခဲ့ မှုတွေရဲ့နောက်ဆက်တွဲ အကျိုးရလာဒ်ဖြစ်မယ်ထင်ပါတယ်။

အရင်ကထက်စာရင်တော့ ဂူဂဲလ်မှာ မြန်မာဘာသာစကားကို ယူနီကုဒ်နဲ့ ပါဝင်လာတာမို့ အခြားဘာသာ စကားတွေနဲ့ ဖလှယ်ရာမှာ အတိအကျ မဟုတ်ပေမယ့် အတော်ပဲ အဆင်ပြေသွားမယ်ထင်ပါတယ်။

ဘာသာစကားဟာ အချင်းချင်း ဆက်သွယ်ပြောဆိုရာမှာ အတားအဆီးမဖြစ်စေဖို့ အခုလို ဂူဂဲလ် ဘာသာ
ပြန် အင်ဂျင်နီယာ အဖွဲ့က တီထွင်ပေးလိုက်ခြင်းလည်း ဖြစ်ပါတယ်။

ဂူဂဲလ်ရဲ့ ဘာသာပြန် လိပ်စာကတော့ https://translate.google.com/ ဖြစ်ပြီး အခုဆို မြန်မာဘာသာ အပါအဝင် ဘာသာစကားပေါင်း ၁ဝဝ ကို ဘာသာပြန် ဝန်ဆောင်မှု လုပ်ဆောင်ထားတာတွေ့ရပါလိမ့်မယ်။

No comments :

Post a Comment