Ordered List

Text Widget

Text Widget

Total Pageviews

57,544

Navigation-Menus (Do Not Edit Here!)

Unordered List


free website counter html code

Recent Posts

Theme Support

Recent Posts

Pages

Powered by Blogger.

Popular Posts

Blog Archive

Followers

Blog Archive

Popular Posts

အလည် လာသွားသူများ


widgets

ကိုယ်ပိုင် Antivirus Program လေးတစ်ခု ရေးကြရအောင်...(With Batch Programming)

No comments

ကျွန်တော့် ပုံစံအတိုင်း Tutorial လေးတစ်ခုကို ပြောပြရတော့မှာပေါ့... အားလုံးပဲ ကြိုက်ကြလိမ့်မယ်

ထင်ပါတယ်... သိပြီးသား သူတွေကတော့ ရှိမှာပေါ့ဗျာ... မသိသေးသူတွေ အတွက် အထူးရည်ရွယ်ပါတယ်...

အခုပြုလုပ်မယ့် Program လေးကတော့ Antivirus  Program လေးတစ်ခုကို Batch Programming နဲ့ ပြုလုပ်

သွားမှာပဲ ဖြစ်ပါတယ်... ဒီ Antivirus လေးဟာ ကိုယ့်စက်မှာ မလိုအပ်တဲ့  unwanted or harmful ဖြစ်စေတဲ့

ကောင်တွေကို ရှင်းထုတ်ပေးမှာပဲဖြစ်ပါတယ်.....

Antivirus Software ကောင်းကောင်း Download ဆွဲဖို့ ရာ အချိန်မရှိဘူးဆိုတဲ့ ကျွန်တော့်လို သူတွေ အတွက်

ပေါ့ဗျာ... ကဲ စလိုက်ရအောင်ဗျာ... ခပ်မြန်မြန်လေးသွားကြတာပေါ့...

ပထမဦးဆုံး ကျွန်တော် အောက်မှာ အနီ ရောင်လေးတွေနဲ့ ပြပေးထားတဲ့ Code လေးတွေကို Copy ကူးလိုက်ပါ...

@echo off
color cb
title Batch Antivirus
cls
echo ===============
echo [ Batch-Master]
echo ===============
echo If There's no message ,You are protected.
set /p a=Enter a batch file to scan:
for /f %%x in (
'findstr /i /m "virus r.i.p byebye HaHaHa Hacked Hack" %a%.bat'
) do (
if /i %%x equ %a%.bat (
for /f %%z in (
'findstr /i /b /m "tskill del copy shutdown ipconfig ren reg" %a%.bat'
) do (
if /i %%z equ %a%.bat (
cls
echo Virus Detected!!
echo %a%.bat was deleted....
del %a%.bat & pause >nul
)
)
)
)
pause >nul
  1. Notepad ထဲကို Paste လုပ်လိုက်ပြီး.....File ထဲကိုဝင် Save as ထဲကို ထပ်မံဝင်လိုက်ပါ...
  2. File name မှာ my antivirus.bat ရိုက်ပါ..
  3. Save as type မှာ All Files ကို ရွေးပေးပါ... Save လုပ်လိုက်ပါ....
  4.  ပြီးတာနဲ့ ... Antivirus Program လေးကို Command Prompt အနေနဲ့  Run လို့ ရသွားပြီ ဖြစ်ပါတယ်..
  5. အောက်မှာ Screen Shot များကို ကြည့်ပါ..

File ထဲ ကိုဝင်တဲ့ ပုံပါ.... ပုံ မမြင် ရရင် ကလစ်ပြီးကြည့်လိုက်ပါ....



Save as ထဲကို ထပ်မံ ဝင်တဲ့ ပုံပါ...



အောက်က ပုံမှာ ကျွန်တော် ဝိုင်း ပြထားတဲ့ အတိုင်း ဖြည့်ပြီး Save ကို နှိပ်ပေးရမှာ ဖြစ်ပါတယ်....



ကဲ ဒါဆိုရင် အောက်မှာ  ကိုယ် လုပ်လိုက်တဲ့ Antivirus File လေးကို .bat အနေနဲ့  မြင်တွေ့ရပါပြီ

ဖွင့်ကြည့်လိုက်ပါ......


 ကဲ အောက်က လိုပုံမျိုးလေးပေါ့ဗျာ....




ကဲ ဒါဆိုရင် သင်ဟာ သင် ကိုယ်တိုင် ပြုလုပ်လိုက်တဲ့ Antivirus ဖိုင်လေးကို ရရှိသွားပြီဖြစ်ပါတယ်...

=====================================================================

ဒါနဲ့မှ မကျေနပ်သေးဘူး.... Design လန်းအောင် လုပ်ချင်တယ် ဆိုရင်.... ဆက်သွားရကြအောင်ဗျာ...

ကဲ အောက်မှာ ပေးထားတဲ့ Bat to Exe Converter လေးကို Download ဆွဲလိုက်ပါ....

(Download ဆိုတဲ့ပုံလေးကိုနှိပ်လိုက်ပါ)

 

Bat to Exe Converter လေးကို ဖွင့်လိုက်ပါ....
Antivirus လေးအတွက် Icon ထည့်မယ်ဆိုရင်တော့ ... Version informations ဆိုတာ ထဲကို ဝင်လိုက်ပါ..

အောက်ပုံအတိုင်း Icon ဆိုတဲ့ ဘေးနားက ခလုတ်လေးကို နှိပ်ပြီး မိမိရဲ့ Icon File လေးကို ထည့်ပေးလိုက်ပါ..

ကျွန်တော် သုံးတဲ့ Icon File လေးကိုတော့ အောက်က Download ဆိုတာလေး နှိပ်ပြီးယူလိုက်ပါ...




ကဲအောက်မှာ ကျွန်တော်မြားပြထားသလို လေးပေါ့ ... အဲ့ဒါလေးထဲကို နှိပ်ပြီး Icon File လေးကို ရွေး

ပေးလိုက်ပါ..



ပြီးရင် ပုံမှာ မြင်တဲ့ အတိုင်း ဘယ်ဘက် အောက် ထောင့် က Compile ဆိုတာလေးကို နှိပ်ပေးလိုက်ပါ...

အောက်မှာ သူ့ဟာသူ Compile လုပ်နေပါ လိမ့်မယ်....


ကဲ ရပါပြီ ကျွန်တော်တို့ ကိုယ်တိုင် ဖန်တီးပြုလုပ်လိုက်တဲ့ Antivirus Program လေးကို အောက်ကလို

Icon လေးနဲ့ မြင်ရပြီ ဖြစ်ပါတယ်....





တကယ်လို့ ကျွန်တော်တင်ပေးလိုက်တဲ့ Icon မှာ နောက်က အဖြူရောင်ကို မကြိုက်ဘူးဆိုရင်တော့

Photoshop နဲ့ ဖျောက်လိုက်ပါ... .ico အနေနဲ့ပြန် Save လိုက်ပေါ့ ဗျာ...
ကဲ ဒီကောင်လေးကို Run ထားလိုက်ရင် Virus တွေ တွေ့တဲ့ အခါ အောက်ကလို Quarantine လုပ်ပေးသွား

မှာဖြစ်ပါတယ်.....

ကဲ စတန့် ထွင်ချင်တဲ့ သူများအတွက်ကတော့ ဒီလို လေး ဖြစ်အောင်လုပ်ပြီး သူငယ်ချင်းတွေ အကိုအစ်မ

တွေ ကြားထဲမှာ ငါ့ဟာငါ Antivirus လုပ်တတ်တယ်ကွ ဆိုပြီး ကြွားလို့ ရတာပေါ့ဗျာ....

ဗဟုသုတ ရစေချင်လို့ ဒီ Post လေးကို တမင် တင်ပေးလိုက်တာပါ....

နောင်အခါများမှာလည်း C++,C#,Visual Basic တို့ကို အသုံးပြုပြီး ကိုယ်ပိုင် Antivirus Program လေးတွေ

ဖန်တီးနည်းများကို သင်ပေးသွားမှာပဲ ဖြစ်ပါတယ်..ဒီနေ့ တော့ ဒီလောက်ပဲပေါ့ ....

စကားလေးနည်းနည်းလောက် ထပ်ပြောချင်ပါသေးတယ်...

ကျွန်တော်တို့ Blogger တွေဟာ မျက်စိညောင်းခံ ... လက်ညောင်းခံ ... အပင်ပန်းခံ... အချိန်ကုန်ခံပြီး...

မြန်မာ နိုင်ငံ မှ ညီအစ်ကိုမောင်နှမ များ အချိန်မရွေးလေ့လာနိုင်အောင် နည်းပညာ များကို

Website ပေါ်မှ တစ်ဆင့် သင်ကြားပေးနေတာပဲဖြစ်ပါတယ်.

အားလုံးအဆင်ပြေကြပါစေလို့....
ရေးသားသူ။..... Harris Nyi

No comments :

Post a Comment