Ordered List

Text Widget

Text Widget

Total Pageviews

57,539

Navigation-Menus (Do Not Edit Here!)

Unordered List


free website counter html code

Recent Posts

Theme Support

Recent Posts

Pages

Powered by Blogger.

Popular Posts

Blog Archive

Followers

Blog Archive

Popular Posts

အလည် လာသွားသူများ


widgets

History Of Android

No comments
History Of Android

Android OS ဟာ Google ရဲ့ထုတ်ကုန်တစ်ခုပဲဖြစ်ပါတယ် ။ Android Version အဆင့်ဆင့်ဟာ ထူးထူးခြားခြား မုန့်နာမည်လေးတွေ နဲ့ပွဲထုတ်လာခဲ့တာဖြစ်သလို ABC အစဉ်လိုက်နဲ့ လူအများရဲ့ စိတ်ဝင်စားမှုကို ရယူနိုင်ခဲ့ပါတယ် ။ Android Operating System ကိုပထမဆုံး အသုံးပြုခဲ့တဲ့ ဖုန်းကတော့ HTC Dream ပဲဖြစ်ပါတယ် ။ Android သမိုင်းကို လေ့လာကြည့်မယ်ဆိုရင် - - - - - - -

Android 1.0

၂၃ ရက် စက်တင်ဘာ ၂၀၀၈ မှာ Google ဟာသူတို့ရဲ့ Android OS ကိုပွဲထုတ်ခဲ့ပြီး HTC Dream မှာပထမဆုံး အသုံးပြုခဲ့ပါတယ် ။

Android 1.1

၉ ရက် ဖေဖော်ဝါရီ ၂၀၀၉ မှာ HTC Dream ဖုန်းကိုသာ Update ပေးတဲ့အနေနဲ့ Version 1.1 ကို Release လုပ်ခဲ့ပါတယ် ။ Features တော်တော်များများကို ထည့်သွင်းပေးခဲ့ပေမယ့် Android ကိုနာမည်မပေးသေးခဲ့ပါဘူး ။

Android 1.5 ( Cupcake )

၃၀ ရက် ၄ လ ၂၀၀၉ မှာတော့ Google ဟာ Cupcake ဆိုပြီး သူတို့ရဲ့ Version ကိုပထမဆုံး နာမည်ပေးခဲ့ပါတယ် ။ HTC အပြင် တစ်ခြားဖုန်းတွေမှာပါ စတင်အသုံးပြုခဲ့ပါတယ် ။Third-Party နဲ့ Home Screen ပေါ်မှာ Widgets တွေကို အသုံးပြုလို့ရအောင် ထုတ်လုပ်ပေးခဲ့ပါတယ် ။ Widgets System ဟာ Android OS ကို iOS ထက်ခေါင်းတစ်လုံးသာစေခဲ့ပါတယ် ။

Android 1.6 ( Donut )

၁၅-၉-၂၀၀၉ မှာတော့ Donut နာမည်နဲ့ Release ထပ်လုပ်ခဲ့ပါတယ် ။ အတော်အသင့် အောင်မြင်မှုရခဲ့တဲ့ Version ပဲဖြစ်ပါတယ် ။

Android 2.0 , 2.1 ( Eclair )

၂၆-၁၀-၂၀၀၉ မှာ Eclair ဆိုတဲ့ မုန့်နာမည်လေးနဲ့ ထပ်ပြီး Update ပေးခဲ့ပါတယ် ။ Microsoft Exchange , HTML5 , Google Maps စတဲ့ Specifications တွေပါဝင်လာခဲ့ပါတယ် ။

Android 2.2 ( Froyo )

မေလ ၂၀ရက် ၂၀၁၀ မှာ Release လုပ်ခဲ့တဲ့ Froyo မှာတော့ Android Cloud To Device Messaging , Push Notifications , Wi-Fi Hotspot , Adobe Flash စတာတွေ ပါဝင်လာခဲ့ပါတယ် ။

Android 2.3 ( Gingerbread )

၆ ရက် ဒီဇင်ဘာ ၂၀၁၀ မှာတော့ အောင်မြင်မှုအရမ်းရခဲ့တဲ့ Gingerbread ကို Release လုပ်ခဲ့ပါတယ် ။ ၂၀၁၁ ရဲ့ ကမ္ဘာ့ရောင်းအား အကောင်းဆုံး မိုဘိုင်းဖြစ်တဲ့ Samsung Galaxy S II မှာအသုံးပြုခဲ့ပြီး Galaxy S II အောင်မြင်ဖို့ Gingerbread ကအဓိကနေရာမှ ပါဝင်ခဲ့ပါတယ် ။ Features တွေကတော့ Copy / Paste ( ဖုန်းတွေမှာ ကူးချင်တဲ့ စာလုံးတွေကို ဖိထားခြင်း ) ၊ Download Manager ( from Web Browser , Email , Any Application ) တို့အပြင် အရမ်းအောင်မြင်သွားတဲ့ Google Talk ( G-Talk ) ကိုပထမဆုံး အကြိမ် Android Users တွေထံ အရောက်ပေးပို့ခဲ့ပါတယ် ။

Android 3.0 , 3.1 , 3.2 ( Honeycomb )

၂၂ ရက် ၂ လ ၂၀၁၁ မှာ ထွက်လာတဲ့ Honeycomb ကတော့ Tablets တွေနဲ့ Screen Size ကြီးမားတဲ့ Device ကိုရည်ရွယ်ပြီး ထုတ်ခဲ့တာပါ ။ ဖုန်းတွေမှာ အသုံးမပြုခဲ့ပါဘူး ။

Android 4.0 ( Ice-Cream Sandwich )

၁၉ ရက် အောက်တိုဘာ ၂၀၁၁ မှာပွဲထွက်လာတဲ့ Ice-Cream Sandwich ကတော့ Gingerbread ရဲ့ အောင်မြင်မှုမျိုး ပြန်ရခဲ့ပါတယ် ။ Ability to access directly from Lock Screen , Wi-Fi Direct , NFC စတဲ့ Features တွေနဲ့ပွဲထုတ်ခဲ့ပါတယ် ။

Android 4.1, 4.2 , 4.3 ( Jelly Bean )

လောလောဆယ် နောက်ဆုံး Version ဖြစ်တဲ့ 4.3 ကတော့ Jelly Bean ပါ ။ ၂၇ ရက် ဇွန်လ ၂၀၁၂ မှာတော့ Jelly Bean 4.1 ကို စပြီး Release လုပ်ခဲ့ပါတယ် ။ ပိုမိုပြီး ချောမွေ့တဲ့ Touch ပိုင်းကိုအထူးပြင်ဆင်ခဲ့ပါတယ် ။ ယနေ့အချိန်ထိ အောင်မြင်နေတဲ့ Jelly Bean ပါ ။

Android 4.4 ( Kit Kat )

Kit Kat ဆိုတဲ့ ချောကလက် မုန့်နာမည်နဲ့ Android OS နောက်ဆုံး Version ကိုတော့ Google ဟာ ၁၅ ရက် အောက်တိုဘာ ၂၀၁၃ မှာကြေငြာမှာဖြစ်တယ်လို့ သတင်းတွေထွက်နေပါတယ် ။ Google Nexus 5 နဲ့အတူ Kit Kat ( 4.4 ) ဟာပွဲထွက်လာနိုင်ပါတယ် ။ Galaxy S3 , Galaxy S4 , Galaxy Note 2 , Galaxy Note 3 တို့ဟာ Kit Kat ထွက်လာတာနဲ့ Official Update ရမယ့် Devices တွေပါ ။

Cupcake
Donut
Eclair
Froyo
Gingerbread
Honeycomb
Ice-Cream Sandwich
Jelly Bean
Kit Kat
L ?????

No comments :

Post a Comment