Ordered List

Text Widget

Text Widget

Total Pageviews

57,823

Navigation-Menus (Do Not Edit Here!)

Unordered List


free website counter html code

Recent Posts

Theme Support

Recent Posts

Pages

Powered by Blogger.

Popular Posts

Blog Archive

Followers

Blog Archive

Popular Posts

အလည် လာသွားသူများ


widgets

Android Device တစ်ခုကို အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်နည်း ( 10 ) နည်း

No comments



1. အသုံးမပြုတဲ့ Application Process တွေကို stop ပြုလုပ်ပါ။
          Android ရဲ့ သဘောတရားအရ Application နဲ့ Game တို့ကို အသုံးပြုပြီးတဲ့ အချိန်မှာ Stop ပြုလုပ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ Exit ပြုလုပ်ပြီးချိန်မှာတောင် Background Process အနေနဲ့ လုပ်ဆောင်မှုတွေ ရှိနေနိုင်တဲ့အတွက် Task killer လိုမျိုး Application အသုံးပြုပြီး Process Kill ပြုလုပ်ပေးသင့်ပါတယ်။
2. Call log များကို ရှင်းလင်းပေးပါ။
          Android ဖုန်းအနိမ့်ပိုင်း Handset တွေမှာ ကြုံတွေ့တတ်တဲ့ ပြသာနာတစ်ခု ဖြစ်ပါတယ်။ Call log တွေများလာတဲံအမျှ ဖုန်းခေါ်ဆိုမှုတွေမှာ အမှားအယွင်း များလာတတ်ပြီး  ပိုမိုလေးလံတဲ့ လုပ်ဆောင်ချက်တွေကို တွေ့ကြုံရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အနည်းဆုံး တစ်နေ့တစ်ကြိမ်  Call log များကို Clear ပြုလုပ်ပေးသင့်ပါတယ်။
3. အသုံးမပြုတဲ့ Connectivity များကို ပိတ်ထားပါ။
          Android Device အသုံးပြုသူ အများစု အနေနဲ့က Wifi နဲ့ Bluetooth တို့ကို အချိန်တော်တော် များများမှာ ဖွင့်လှစ်ထားတတ်တဲ့ အလေ့အထ ရှိပါတယ်။ Wifi ဖွင့်လှစ်ထားခြင်းအတွက် Notification Bar မှာ Alert Icon တွေနဲ့ ရှုတ်ထွေးနေမှာဖြစ်သလို အဆိုပါ Process တွေအတွက်လည်း Battery သုံးစွဲမှု ပမာဏ မြင့်တက်စေပါတယ်။
4. Application အများအပြား ထည့်သွင်းခြင်းမှ ရှောင်ပါ။
          တစ်ချို့သော Android Device User တွေဟာ မိမိရဲ့ Device အတွင်းမှာ Application နဲ့ Game တွေကို များစွာ ထည့်သွင်းထားလေ့ ရှိပါတယ်။ သိုလှောင်နိုင်မှု ပမာဏ မြင့်မားတဲ့  Device တွက် ပြသနာမရှိပေမယ့် သိုလှောင်နိုင်မှု ပမာဏ နည်းပါးနေမယ်ဆိုရင်တော့ ဒါဟာ ကြီးမားတဲ့ ပြသနာရပ် တစ်ခုပဲ ဖြစ်ပါတယ်။
5. Process အများအပြားကို တစ်ပြိုင်နက် အသုံးပြုခြင်း ဆင်ခြင်ပါ။
          Android ရဲ့ အားသာချက်တစ်ခုဖြစ်တဲ့ တစ်ချိန်ထဲမှာ Process အများအပြား အသုံးပြုမှုကို ဆင်ခြင်သင့်ပါတယ်။ အသုံးပြုလို့ ရနိုင်တာ မှန်ပေမယ့် အကြောင်းတစ်စုံတစ်ရာကြောင့် Stop ပြုလုပ်ရမယ်ဆိုရင် Web browser လို Application တွေအတွက် Data Error ဖြစ်နိုင်ပါတယ်။
6. Device များကို Reboot ပြုလုပ်ပေးပါ။
          တချို့သော Android User များဟာ Device များကို အချိန်အကြာကြီး Reboot မပြုလုပ်ဘဲ သုံးစွဲလေ့ရှိပါတယ်။ အချို့သော Peocess များနဲ့ installation များ အတွက် Device တွေကို Reboot ပြုလုပ်ပေးဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒါ့ကြောင့် အနည်းဆုံး သုံးရက်ကို တစ်ကြိမ်တော့ Device Reboot ပြုလုပ်ပေးသင့်ပါတယ်။
7. Launcher ကိုတစ်ခုထက် ပိုမို မသုံးစွဲသင့်ပါ။
          Android ရဲ့ Launcher တွေဟာ ဆန်းသစ်မှုတစ်ခုလို့ ဆိုနိုင်ပြီး ပုံစံ၊ ဒီဇိုင်းများစွာနဲ့ အလွယ်တကူရယူနိုင်မှာ ဖြစ်ပါတယ်။ Default ပါဝင်တဲ့ home နဲ့ Launcher တွေဟာ အဆင်မသင့် ခဲ့ဘူးဆိုရင်တော့ Display ကို ပြသနာဖြစ်စေနိုင်တဲ့အတွက် Launcher ကို ထည့်သွင်း အသုံးပြုမယ်ဆိုရင် တစ်မျိုးထဲ အသုံးပြုသင့်ပါတယ်။
8. Root ပြုလုပ်ထားတဲ့ Device များအတွက် Superuser ပိတ်ထားပါ။
          Android ရဲ့ Root ပြုလုပ်ထားတဲ့ Device များမှာ Super User ကို အသုံးမလိုရင် ပိတ်ထာသင့်ပါတယ်။ Superuser ရဲ့ လုပ်ဆောင်ချက်တွေဟာ Device ကို အသုံးပြုချိန်မှာ ပိုမိုလေးလံစေပြီး System ထဲကိုလည်း ၀င်ရောက် ပြင်ဆင်နိုင်တဲ့အတွက် အသုံးမပြုလိုတဲ့အချိန်တွေမှာ ပိတ်ထားသင့်ပါတယ်။
9. Auto-Syne ကို ပိတ်ထားပါ။
          Auto-Sync ဆိုတာကတော့ Android Account တွေရဲ့ Wifi ချိတ်ဆက် အသုံးပြုချိန်မှာပဲဖြစ်ဖြစ် EVDO နဲ့EDGE အသုံးပြုတဲ့ အချိန်မှာပဲ ဖြစ်ဖြစ် Data တွေကို သိမ်းဆည်း ဖလှယ်ပေးတဲ့ နည်းစနစ်တစ်ခု ဖြစ်ပါတယ်။ Auto-Sync  ကို ပိတ်ထားခြင်းဖြင့်  Battery အသုံးပြုနှုန်းရဲ့10 ရာခိုင်နှုန်းကို သက်သာစေနိုင်သလို လုပ်ဆောင်ချက်တွေကိုလည်း ပိုမို မြန်ဆန်စေမှာ ဖြစ်ပါတယ်။
10. Hardware နှင့် ကိုက်ညီသော Android Version ကိုသာ အသုံးပြုပါ။
          Android Version အသစ်တွေများစွာဟာ သတ်မှတ် Hardware တွေအလိုက် ထွက်ရှိနေပါတယ်။ မိမိရဲ့ Device ဟာသတ်မှတ် Version  အလိုက်သာထည့်သွင်း အသုံးပြုနိုင်မယ်ဆိုတာ သိထားသင့်ပါတယ်။ Version မှားယွင်းမှုကြောင့် Device အပေါ်မှာ ထိခိုက်မှုများစွာ ဖြစ်ပေါ်စေနိုင်ပါတယ်။

No comments :

Post a Comment