Hack ခံရခြင်းမှ ကင်းဝေးအောင် Password ဘယ်လိုပေးမလဲ
ကို့အကောင့်တွေကိုသူများလက်ထဲမရောက်အောင် Password များဖြင့်ကာကွယ်ကြရမှာပါ။ ဒီလို Passwordတွေထားတဲ့နေရာမှာ လွယ်လွယ်ကူကူလေးတွေသာထားမယ်ဆိုလျှင် အကောင့်ကိုဖောက် ထွင်းဖို့အတွက်တခြားလူအတွက် လွယ်ကူစေမှာပါ။ ဥပမာ မွေးနေ့ရက်ကိုထားတာမျိုးဆိုလျှင် ကိုနဲ့ရင်းနှီးနေတဲ့သူတစ်ယောက်အဖို့တစ်ခေါက် နှစ်ခေါက်လောက် စမ်းကြည့်တာနဲ့ ပွင့်သွားမှာပါ။
ဒါဆိုရင်တော့ Password ဆိုတာအရေးကြီးဆုံးအဆင့်ဖြစ်တဲ့အတွက် သူများတွေ လွယ်လွယ်နဲ့မသိနိုင်အောင် ထားရမှာပါ။ ဟုတ်ပါပြီ။
ဒါဆို Password ထားတဲ့အခါ ဘယ်လိုထားကြမလဲ? ယခုပို့စ်လေးက ဒီမေးခွန်းလေးအားဖြေပေးမှာပါ။
နံပါတ် (၁) Password ထားတဲ့အခါမှာ Dictionary ထဲက စာလုံးတွေကိုမထားပါနဲ့ ( Dictionary-based attacks) ရှိနိုင်တာကြောင့်ပါ
နံပါတ် (၂) Username and Password ဘယ်တော့မှ တူအောင်မထားပါနဲ့
နံပါတ် (၃) Password ထဲမှာ အက္ခရာတွေ ဂဏန်းတွေ Special Characters ( # @) စာတာတွေအပြင် အက္ခရာတွေကိုအကြီး အသေးတွေဖြင့် ဖွဲ့စည်းပါ
နံပါတ် (၄) ဒီပုံစံကတော့ ကျနော်တို့ မြန်မာတွေတော်တော် များများထားတတ်ပါတယ်။ နာမည်အနောက်မှာ ဂဏန်းတွေဖြင့် Password ကိုတည်ဆောက်ခြင်းပါ။ (ဥပမာ. myominaung1234) အဲဒီလိုထားခြင်းမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။
နံပါတ် (၅) Password တစ်ခုထဲမှာပဲ သုံးပြီးသားစကားလုံးတွေ ပြန်မထပ်ပါစေနဲ့
နံပါတ် (၆) Password ကို အဆင်ပြေတဲ့အချိန်တစ်ခုတိုင်းမှာ ပြောင်းပြောင်းပေးပါ။ တစ်ချိန်လုံး ဒီ Password ကြီးပဲအသုံးမပြုပါနဲ့။
နံပါတ် (၇) ကို့ Password ကို စာရွက်ပေါ်မှာဖြစ်စေ ကိုယ်ပိုင် ကွန်ပျူတာ Background မှာဖြစ်စေ ချမရေးထားမိပါစေနဲ့။
နံပါတ် (၈) ကျနော်တို့မှာ အကောင့်တစ်ခုထက်ပိုရှိတယ်ဆိုလျှင် အကောင့်တစ်ခုနဲ့တစ်ခု တူညီတဲ့ Password မထားထားပါနဲ့။
နံပါတ် (၉) ကို့ရဲ့ Password ကို ကိုယ်မမှတ်မိနိုင်တဲ့ Random ပေးမျိုးနည်းနဲ့ ဘယ်တော့မှမပေးမိပါစေနဲ့။
ဒီလောက်ဆို Password ပေးနည်းလေးမှာ အဆင်ပြေမယ်ထင်ပါတယ်ခင်ဗျာ
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment