Zawgyi Font ကို Mac OS တွင် install ပြုလုပ်နည်း
၁။ အရင်းဆုံး Zawgyi-KB.dmg ကို Download လုပ်ပါ။
Mediafire – Download
pcloud – Download
၂။ Download လုပ်ပြီးတဲ့ Zawgyi-KB.dmg ကို double click နှိပ်ပြီးဖွင့်လိုက်ပါ။ အောက်ပါပုံအတိုင်းမြင်တွေ့ရပါလိမ့်မယ်။
Zawgyi.keylayout ကို drog ဆွဲပြီး Keyboard Layouts ဆိုတဲ့ Folder ထဲဆွဲထည့်လိုက်ပါ။
Zawgyi.icns ကိုရေ drag ဆွဲပြီး Keyboard Layouts Folder ထဲထည့်ပါ။
ထိုနည်းတူစွာ Zawgyi One.ttf ကိုလဲ Fonts Folder ထဲဆွဲထည့်လိုက်ပါ။
ကဲဒါဆို Zawgyi Font ကို install လုပ်ပြီးပါပြီ။ Zawgyi-KB.dmg ဆိုတာကို ပိတ်လို့ရပါပြီ။
မြန်မာ Font ကို ကောင်းကောင်း မြင်တွေ့ဖတ်ရှုနိုင်ပါပြီ။ မြင်တော့ မြင်တွေ့ရပေမဲ့ စာရိုက်လို့တော့ မရသေးပါဘူး။
အဲ့ဒီအတွက်ကြောင့် စာရိုက်လို့ရအောင် ထပ်မံပြုလုပ်ပေးရပါအုန်းမယ်။
၎။ Mac OS ရဲ့ system preferences ထဲကို ဝင်လိုက်ပါ။ Language & Text ဆိုတာကို မြင်တွေ့နေရပါလိမ့်မယ်။
Double click နှိပ်ပြီးဖွင့်လိုက်ပါ။ Box လေးတစ်ခုထပ်ထွက်လာပါလိမ့်မယ်။ Input Sources tab ကို Click တစ်ချက်နှိပ်လိုက်ပါ။
ထိုအခါ Keyboard က US လို့ Auto ဖြစ်နေပါလိမ့်မယ်။ ကျနော်တို့က မြန်မာ Font ရိုက်ချင်တာဖြစ်တဲ့ အတွက် Auto ရွေးထားတဲ့
US အပြင် Zawgyi KB ဆိုတာကို ပါ On ပေးရပါလိမ့်မယ်။ ဒါဆို မြန်မာ Font ရိုက်လို့ရပါပြီ။ ဒါပေမဲ့ ထပ်ပြုလုပ်ပေးရမှာရှီပါသေးတယ်။
၅။ Language & Text ရဲ့ Box ညာဘက်နားလေးမှာ Keyboard Shortcuts ဆိုတာလေးကို မြင်တွေ့ရပါလိမ့်မယ်။ တစ်ချက်နှိပ်ပြီးဝင်လိုက်ပါ။
အဲ့မှာ ပြောင်းလဲပေးရမှာက Keyboard & Text input ကိုရွေးပေးပါ။
၆။ ထိုအခါ Select the previous input source ကို On ပေးပါ။ ထိုအခါ အဝါရောင် ! လေးတွေကို မြင်တွေ့ရလျှင်
အဝါရောင် ! error ရှီတဲ့နေရာကိုသွားပြီး On ထားသော check ကို Off ပေးလိုက်ပါ။ ဒါဆိုရင်တော့ အားလုံးအိုခေသွားပါပြီ။
ဒါဆိုရင်အားလုံးအဆင်ပြေသွားပါပြီ။ Mac OS တွင် Zawgyi Font ကိုအသုံးပြုနိုင်ပါပြီ။
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment