iPhone မှာဖုန်းခေါ်လိုက်တိုင်း Call Failed ဖြစ်နေတာကိုဖြေရှင်းနည်း

iPhone မှာ တခြားဘယ်ဖုန်းကိုဖြစ်ဖြစ် ခေါ်လိုက်တိုင်း Call failed ဖြစ်နေလို့ပါတဲ့။ ခေါ်လိုက်တိုင်း Call failed အများဆုံးဖြစ်ကြတဲ့အကြောင်းကတော့
ဖုန်းရဲ့ carrier network setting က iPhone ဖုန်းရဲ့ IMEI ကို block လိုက်လို့ဖြစ်ရတာပါ။ အခြားအကြောင်းအရင်းတွေကြောင့်လည်း
ဖြစ်နိုင် ပါသေးတယ်။ Data,time, Region တော်တော်လွဲနေတာမျိုးပါ။အကြောင်းအရင်းကတော့တစ်ချို့က လက်ဆော့ကြပါတယ်။ Airplane mode ဖြစ်နေတဲ့အချိန်မှာဆိုရင် Show my call id ကို off ထားလို့ရပါတယ်။ အဲဒါလုပ်ပြီး ဖုန်းခေါ်ရင် ဘယ်လိုမှဖုန်းခေါ်လို့မရတော့ပါဘူး ။ ဖုန်းအ၀င်တော့လက်ခံလို့ရပါသေးတယ်။ ဖြေရှင်းနည်းကတော့ ဖုန်းရဲ့ setting > Reset > ထဲဝင်ပြီး Reset, I reset the network settings ကိုရွေးပြီး reset ချပါ။ ဖုန်းပုံမှန်အတိုင်းပြန်တက်လာပြီဆိုရင် ဖုန်းကို Airplane mode On လိုက်ပါ။ ပြီးရင် Setting > Phone > Show My Call ID ထဲကိုဝင်ပါ။ Show My Caller ID option မှာ disable ဖြစ်နေရင် ပြန် on (enable) လိုက်ပါ။ ပြီးရင် Airplane mode ကိုပြန် off လိုက်ပါ။ ဖုန်းခေါ်လိုက်တိုင်း Call fail ဖြစ်နေတဲ့ error ပျောက်သွားပါလိမ့်မယ်။
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment